လမ်းပန်းဆက်သွယ်ရေးနှင့် ရေအားလျှပ်စစ်ကဏ္ဍ ကူညီပေးနိုင်ရေး ချင်းပြည်နယ်အစိုးရနှင့် တရုတ်သံအမတ် ဆွေးနွေး

လမ်းပန်းဆက်သွယ်ရေးနှင့် ရေအားလျှပ်စစ်ကဏ္ဍ ကူညီပေးနိုင်ရေး ချင်းပြည်နယ်အစိုးရနှင့် တရုတ်သံအမတ် ဆွေးနွေး

ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ် Mr. Hong Liang သည် ဟားခါးမြို့ ပြည်ထောင်စုရိပ်သာ အစည်းအဝေးခန်းမတွင် အောက်တိုဘာလ (၁၁) ရက်နေ့ ညနေပိုင်း (၆း၃၀) နာရီက တွေ့ဆုံခဲ့ကြပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ရေးအားလျှပ်စစ် ထုတ်လုပ်ရေးအပါအဝင် အခြားကဏ္ဍအသီးသီးတွင် ကူညီပေးနိုင်ရေး ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ချင်းပြည်နယ်အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီး ဦးစိုးထက်က “အဓိက ကတော့ လမ်းပေါ့ အဆင့်မြှင့်ဖို့ဆွေးနွေးပါတယ်၊ သူတို့လာတဲ့ချိန်မှာလည်း လမ်းကတော်တော်ကြမ်းတယ် တော်တော်ခက်ခဲတယ် အဆင့်မြှင့်ဖို့လိုတယ်ပြောတယ် သူတို့ကလည်း စီးပွားရေးချဲ့ထွင်ဖို့အတွက်ကို ပိုးလမ်းမကြီးလည်းလုပ်နေတယ်၊ လမ်းအဆင့်မြှင့်ဖို့ သူတို့လည်း ကူညီနိုင်တာရှိရင် ကူညီနိုင်မယ်ပြောပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအနေဖြင့်လည်း ယခုလက်ရှိတွင် လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိရေးကဏ္ဍများကို ပထမဦးစားပေးအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း တရုတ်သံအမတ်ထံ ရှင်းလင်းခဲ့ကြပြီး သူတို့ဘက်မှလည်း ကူညီနိုင်သည့်ဘက်မှ ကူညီပံ့ပိုးပေးသွားမည်ဟု ပြောဆိုကြောင်း ဝန်ကြီးဦးစိုးထက်က ပြောသည်။

“နောင်တစ်ချိန် ဖက်ဒရယ်ဒီမိုကရေစီဖြစ်လို့ရှိရင် ကိုယ့်ဟာကိုယ်ရပ်တည်ဖို့က ငွေလိုတယ် အဲဒီအတွက် ခုကတည်းက ရေအားလျှပ်စစ်ထုတ်လုပ်တဲ့အပိုင်းက သေချာလေးလုပ်နိုင်အောင် ကျနော်တို့အစိုးရက အားထည့်ပြီးလုပ်နေတယ်ဆိုတာ တွေရှင်းပြတော့ ရေအားလျှပ်စစ်ထုတ်လုပ်တဲ့ပိုင်းမှာ သူတို့အတွေ့အကြုံအများကြီးရှိတယ် ၀ိုင်းပြီးတော့ ကူညီပေးမယ် ပြောတယ်’’ ဟု ဝန်ကြီးကပြောသည်။

ထို့အပြင် ချင်းပြည်နယ်ရှိ ဒေသထွက်ကုန်များကို အဆင်မြှင့်ကာ ပို့ကုန်အဆင့်ရောက်နိုင်အောင် ကူညီပေးရေး၊ ခရီးသွားလုပ်ငန်းအဆင့်မြှင့်တင်ရေး၊ အသေးစားချေးငွေကဏ္ဍများကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

တရုတ်သံအမတ် Mr.Hong liang သည် ချင်းပြည်နယ်သို့ ပထမအကြ်ိမ်လာရောက်ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့မှ ကလေးမြို့သို့ ပြန်လည်ထွက်ခွါသွားသည်ဟု သိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...