ကလေးမြို့တွင် ဆိုင်ကယ်စီးရင်း လမ်းသရဲဆန်ဆန် တုတ်ဖြင့် လူလိုက်ရိုက်သည့်အဖွဲ့ရှိနေ

ကလေးမြို့တွင် ဆိုင်ကယ်စီးရင်း လမ်းသရဲဆန်ဆန် တုတ်ဖြင့် လူလိုက်ရိုက်သည့်အဖွဲ့ရှိနေ

ချင်းလူမျိုးများအများစု နေထိုင်ကြသည့် ကလေးမြို့နယ်၊ တာဟန်းနှင့် စမ်းမြို့ရပ်ကွက်တွင် ယခုရက်ပိုင်း အတွင်း အမည်မသိလူတစုမှ ညဘက်တွင် ဆိုင်ကယ်စီးရင်း လမ်းသွားလမ်းလာပြည်သူများအား လမ်းသရဲဆန်ဆန် တုတ်ဖြင့်လိုက်ရိုက်သည့်ဖြစ်ရပ် မကြာခဏဖြစ်ပွားနေသည်ဟု စုံစမ်းသိရှိရသည်။

အမည်မသိလူတစုသည် ဆိုင်ကယ်တစ်စီးတွင် (၃) ယောက်စီးနှင်းကာ တုတ်တစ်ချောင်းကိုင်ဆောင်ပြီး လမ်းသွားလမ်းလာပြည်သူများအား လူခြေတိတ်သည့်နေရာအရောက်တွင် သတိမေ့အောင်ရိုက်နှက်ကာ ဖုန်း၊ ပိုက်ဆံအိတ်နှင့် အဖိုးတန်ပစ္စည်းများ လုယူကြသည်ဟုသိရသည်။

တာဟန်း (B) ရပ်ကွက်တွင်နေထိုင်သည့် ဒေါ်Sapneli သည် ယခုလဆန်းပိုင်း ည ၉ နာရီဝန်းကျင်ခန့်က ဆွေမျိူးအိမ်မှပြန်လာစဉ် ရိုက်နှက်ခံခဲ့ရသည်ဟု သူမကပြောသည်။

“ဆိုင်ကယ်မီးမဖွင့်ပဲ ကျွန်မနောက်ကလိုက်လာကြတယ် နားထင်ကိုလာပြီး ရိုက်တယ်ဆိုတာကိုတောင် မသိလိုက်ဘူး နားထင်ကနာတော့ ကိုင်ကြည့်တယ် အရမ်းမြန်တယ် ပြီးမှရိုက်တယ်ဆိုတာသိလိုက်ရတယ် ရပ်ကွက်လူငယ်တစ်ယောက်ကမြင်တယ် ရိုက်ခံရတာလားမေးတဲ့အချိန်ကြမှ ကျွန်မကိုရိုက်တဲ့ သူတွေက ပြေးသွားတယ်၊ အစမှာတော့ သူတို့ကျွန်မကို ရိုက်ပြီး တန်းမပြေးပဲ ကျွန်မလဲကျသွားမလားဆိုပြီး သူတို့ က ကြည့်သေးတယ် ကျွန်မ ပိုက်ဆံအိတ်ကို ကိုင်ထားတယ် ဆွဲကြိုးလဲပေါ်နေတယ်ဆိုတော့ သူတို့က လုဖို့ရိုက်တယ်ထင်တယ် ရိုက်ပြီး တခါတည်းမပြေးသွားတဲ့ပုံစံက ရပ်ကွက်က လူငယ်တစ်ယောက်က ကျွန်မကို လှမ်းအော်မေးတဲ့အခါကျမှ သူတို့က ပြေးသွားတာ၊ အဲဒီလူငယ်က သူတို့ကိုဖမ်းဖို့လိုက်သွားတယ် ဒါပေမယ့်မမှီလိုက်ရဘူး၊ ကျွန်မကိုရိုက်တဲ့သူတွေ သူတို့လက်ထဲမှာ တုတ်တစ်ချောင်းတစ်တောင်လောက်ကိုင်ထားတာတော့ တွေ့လိုက်တယ်” ဟု ဒေါ် Sapneli က ပြောသည်။

ထို့အပြင် အောက်တိုဘာလဆန်းပိုင်းကလည်း စမ်းမြို့ရပ်ကွက်တွင် ပျဉ်းတောဦးကျေးရွာမှ အမျိူးသမီးတစ်ဦး နှင့် တာဟန်း (B) ရပ်ကွက်နယ်မြေမှူး ဦးpavuta ၏သား တာဟန်းအမှိုက်ပစ်ကားမောင်း ကိုZuia သည်လည်း YCW အနီးတွင် ရိုက်နှက်ခံခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းမှစ၍ ယခုကဲ့သို့ ရိုက်နှက်ခံရသည့် ဖြစ်ရပ် ၅ မှုခန့် ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု ခိုနူမ်းသုန်သတင်းဌာနမှ စုံစမ်းသိရှိရသည်။

ယခုကဲ့သို့ ရိုက်နှက်ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ကာယကံရှင်များဘက်မှ ရဲစခန်းသို့ လာရောက်တိုင်ကြားမှုမရှိသောကြောင့် အရေးယူဆောင်ရွက်မှုပြုလုပ်ရန် အခက်အခဲများရှိနေပြီး ရဲဌာနအနေဖြင့် လုံခြုံရေးပိုင်းကို တိုးမြှင့်ထားသည်ဟု တာဟန်းရဲစခန်းမှူး ဦးလှဟန်ကပြောသည်။

“လုံခြုံရေးပိုင်းကတော့ ကျွန်တော် ဒေသခံအရံမီးသတ်တပ်ဖွဲ့တွေစုထားတာရှိတယ် လှည့်ကင်း၊ ဝှက်ကင်း ကျွန်တော်တို့ ညစဉ်ညတိုင်းလုပ်ပါတယ် ညပိုင်း ၁ နာရီ ၂ နာရီလောက်ထိရှိပါတယ် ကျွန်တော်တို့ ညတိုင်း ရှိပါတယ်၊ တာဟန်းမှာလည်း တာဟန်းရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ မီးသတ်တွေစုထားတယ် စမ်းမြို့မှာလည်း အလားတူပဲ ကျွန်တော့်ဆီကိုလည်း စာတွေပို့ထားတယ် အဲဒီတော့ ကျွန်တော်တို့က အလှည့်ကျ တာဟန်းအဖွဲ့နဲ့သော်လည်းကောင်း၊ စမ်းမြို့အဖွဲ့နဲ့သော်လည်းကောင်း ကျွန်တော်တို့က ပူးပေါင်းပြီးတော့ လှည့်ကင်းလုပ်ပါတယ်” ဟု စခန်းမှူးကပြောသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...