ထန်တလန်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အစီအစဉ် ယာယီရပ်ဆိုင်း

ထန်တလန်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမည့်အစီအစဉ် ယာယီရပ်ဆိုင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့်အစီအစဉ်သည် ထန်တလန်မြို့ ဒေသခံများ၏ ကန့်ကွက်မှုကြောင့် ယာယီရပ်ဆိုင်းထားကြောင်း ထန်တလန်မြို့ စည်ပင်ကော်မတီအဖွဲ့ ယာယီ ဥက္ကဌ ဦးငူလ်ဟရမ်ကပြောသည်။

ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည့်ကိစ္စကို ကန့်ကွက်သည့်အနေဖြင့် ထန်တလန်မြို့ အရပ်ဖက်အဖွဲ့အစည်းနှင့် ကျောင်းသားလူငယ်အဖွဲ့အစည်း (၄) ဖွဲ့မှ အောက်တိုဘာလ (၁၅) ရက်နေ့တွင် ဆန္ဒဖော်ထုတ်မည်ဟု သက်ဆိုင်ရာထံ စာတင်ပြီးနောက်တစ်နေ့တွင် ယခုကဲ့သို့ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

“ကျွန်တော်တို့က အခုက ယာယီရပ်ဆိုင်းထားတယ် လုံးဝ မဆောက်တော့ဘူးလို့ ကျွန်တော်တို့အနေနှင့် ပြောလို့မရဘူး ဒါက ဘယ်တော့ဆိုရင်လည်း နှစ်ပေါင်း ဘယ်လောက်ကြာရင် သူတို့ပြန်လုပ်ရင်လုပ်မယ်လေ အခု ကျွန်တော်တို့ လောလောဆယ်တော့ ယာယီရပ်ဆိုင်းထားတယ် ဘယ်တော့ဆိုတာလည်း မပြောနိုင်သေးပါ” လို့ ဦးငူလ်ဟရမ်ကပြောသည်။

ထန်တလန်မြို့ အရပ်ဖက်အဖွဲ့အစည်းများဖြစ်ကြသည့် Thangtlang Youth Association (TYA), Thangtlang Sianghleiruun Chungkar (TSC), Chin Family Group (CFG) နှင့် Chin Women Support Organization (CWSO) တို့သည် ဆန္ဒပြရန်အတွက် အောက်တိုဘာလ (၈) ရက်၊ တနင်္လာနေ့က စာတင်ပြီး နောက်တစ်နေ့တွင် စည်ပင်သာယာရေးဌာနမှ ဌာနပေါင်းစုံခေါ်ပြီး အစည်းအဝေးများပြုလုပ်ကာ ဗိုလ်ချူပ်ကြေးရုပ်စိုက်ထူမည့်ကိစ္စကို ယာယီရပ်ဆိုင်းလိုက်ကြောင်း အသိပေးခဲ့သည့်အတွက် ဆန္ဒပြမည့်အစီစဉ်ကိုလည်း ပြန်လည်ဖျက်သိမ်းခဲ့သည်ဟု CWSO ဥက္ကဌ ဒေါ်တလွယ်ကြားကပြောသည်။

“လူထုတွေမကြိုက်တာကြောင့် ကျွန်တော်တို့ cancel လုပ်လိုက်ပြီ ဗိုလ်ချုပ်ပန်းခြံလို့လည်းမခေါ်တော့ဘူး ထန်တလန်ပြည်သူ့ပန်းခြံလို့ပဲခေါ်တော့မယ်၊ ပြီးတော့ ဗိုလ်ချုပ်ကြေးရုပ်စိုက်ထူမယ့် အစီအစဉ်လည်းမရှိတော့ဘူး cancel လုပ်လိုက်ပြီ အဲလိုမျိုးဆိုတော့ ကျွန်မတို့လည်း ကျေးဇူးတင်တယ် နောက်တခါ မလုပ်အောင် ဂတိပေးတယ်ဆိုရင်တော့ ကျွန်မတို့ cancel လုပ်လိုက်မယ်ဆိုပြီး ကျမတိို့ရဲ့ ဆန္ဒပြမယ့်အစီစဉ်ကိုလည်း ဒီမနက်မှာဘဲ Cancel လုပ်လိုက်တယ်” ဟု ဒေါ်တလွယ်ကြားပြောသည်။

ဗိုလ်ချူပ်အောင်ဆန်းကြေးရုပ်တုကို ဟားခါး နှင့် ထန်တလန်မြို့တွင် စိုက်ထူရန် ချင်းပြည်နယ်အစိုးရမှ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ယင်းအတွက် နိုင်ငံတော်ဘဏ္ဍာငွေကို အသုံးမပြုဘဲ အလှူရှင်များ၏ ထောက်ပံ့မှုဖြင့် ဆောင်ရွက်မည်ဟု ပြည်နယ်အစိုးရကပြောဆိုထားသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...