ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ

ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံ

ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးစီမံကိန်းနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ် The World Bank Myanmar Country Management Team မှ Mr. Martin Fodor ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက်ပိုင်းက ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လာရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုးက “ကျနော်တို့က ဒီလမ်းမကြီးကို မြန်မြန်ဆန်ဆန်လုပ်စေချင်တယ်၊ သူတို့ကလည်း Technician အပိုင်းကမပြီးသေးဘူး ဒီဇိုင်းတွေမပြီးသေးဘူး နည်းပညာပိုင်းဆိုင်ရာ၊ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ၊ သဘာဝပတ်ဝန်းကျင်ပိုင်းဆိုင်ရာတွေကို လေ့လာနေတယ် ပြီးရင်လုပ်ငန်းစမယ်ဆိုပြီး လာပြီးဆွေးနွေးတာဖြစ်တယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာနကိုပြောပြသည်။

ကလေး-ဖလမ်း-ဟားခါး လမ်းမကြီး အဆင့်မြှင့်တင် ဆောင်ရွက်ရေးစီမံကိန်းကို အစကနဦးပိုင်းတွင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလတွင် စတင်နိုင်ရန် ပြောဆိုခဲ့ကြသော်လည်း ယခု ကမ္ဘာ့ဘဏ်အကြီးအကဲများနှင့်တွေ့ဆုံချိန်တွင် မေးမြန်းကြည့်ရာ ဘယ်ချိန်စတင်နိုင်မည်ကို ကမ္ဘာ့ဘဏ်ဘက်မှ အဖြေမပေးနိုင်ခဲ့ဘူးဟု ဝန်ကြီးကဆက်ပြောသည်။

ကမ္ဘာ့ဘဏ်အနေဖြင့် ပြည်ထောင်စုအစိုးရကို ဒေါ်လာသန်း (၂၀၀) ထုတ်ချေးရန် စီစဉ်ခြင်းဖြစ်ပြီး အဆိုပါငွေပမာဏထဲမှ ဒေါ်လာ (၆၆.၈) သန်းကို ကလေး-ဖလမ်း-ဟားခါးလမ်းမကြီး နိုင်လွန်ကတ္တရာခင်းရန် ချင်းပြည်နယ်အစိုးရကို ထုတ်ချေးမည်ဖြစ်သည်။

ကလေး-ဖလမ်း-ဟားခါး အဆင့်မြှင့်တင်ရန် ကားလမ်းတိုးချဲ့ဖောက်လုပ်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူပြီး ၂၀၁၆ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော်လည်း ယင်းကဲ့သို့ဖောက်လုပ်သည့်နေရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်နစ်နာမှုများတွေ့ရှိသည်ဟု ဆိုကာ ဒေါ်လာ (၆၆.၈) သန်းထုတ််ချေးမည့်ကိစ္စကို ကမ္ဘာ့ဘဏ်မှ ပြန်လည်သုံးသပ်ရမည်ဟု ပြောဆိုကာ ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြန်လည်ဆွေးနွေးခဲ့ကြရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်ဘက်မှတောင်းဆိုချက်အရ ချင်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကွင်းဆင်းလေ့လာပြီး ဆုံးရှုံးနစ်နာမှုရှိသည့် ဒေသခံပြည်သူများကို နစ်နာကြေးအဖြစ် ကျပ်ငွေ သန်း (၂၀၀) ကျော်ပေးအပ်ခဲ့ရသည်။

ကမ္ဘာ့ဘဏ်မှတာဝန်ရှိသူများသည် ဟားခါးမြို့ရှိ ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်လည်း တွေ့ဆုံကာ အဆိုပါကားလမ်း အကောင်အထည်ဖော်ဆောင်သည့်အခါ စောင့်ကြည့်လေ့လာရေးလုပ်ငန်းများမည်ကဲ့သို့ ပူးပေါင်းလုပ်ဆောင်ကြမည်ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...