တွန်းဇံတွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျ၊ လူတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

တွန်းဇံတွင် ယာဉ်တစ်စီး ချောက်ထဲထိုးကျ၊ လူတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ တွန်းဇံမြို့နယ်၊ တွီးတူမ်းကျေးရွာအနီးတွင် အောက်တိုဘာလ (၄) ရက်နေ့က ယာဉ်တစ်စီး ချောက်ထဲထိုးြ ကမှုကြောင့် လူတစ်ဦးသေဆုံးပြီး (၂) ဦးဒဏ်ရာရရှိသည်ဟုသိရသည်။

အောက်တိုဘာလ (၄) ရက်နေ့ ညနေ (၃) နာရီဝန်းကျင်ခန့်က ဇမ်ရှင်းဟောက် (၁၉) နှစ် (ဘ) ဦးပေါင်ဆွင်းခမ် မောင်းနှင်သည့် SKAT (ဖြူ) ကားတစ်စီးသည် နတ်ဇန်ကျေးရွာမှသဲများ တင်ဆောင်လာစဉ် တွန်းဇံ-ကျီခါးလမ်းတွေန်းဇံမြို့မှ (၅) ဖာလုံခန့်အကွာတွင် အရှိန်မထိန်းနိုင်ဘဲ အနက်ပေ (၁၂၀) ခန့်ရှိသည့် ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်မောင်း ဇမ်ရှင်းဟောက်သည် အခင်းဖြစ်ပွားနေရာတွင်သေဆုံးပြီး ယာဉ်နောက်လိုက် (၂) ဦးဖြစ်သည့် ဆွင်ဗျက်ဆန် (၂၀) နှစ် (ဘ) ဦးဇင့်ရှင်းထန်နှင့် ဒါလ်းဇကပ် (၂၀) နှစ် (ဘ) ဦးထန်ဆွင်း ထောင်တို့သည် ဒဏ်ရာရရှိကာ စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း တွန်းဇံမြို့ဒေသခံတစ်ဦးထံမှ သိရသည်။

ယာဉ်အားမဆင်မခြင်မောင်းနှင်ပြီး ချောက်ထဲပြုတ်ကျကာ နာကျင်ဒဏ်ရာများနှင့်အသက်သေစေအောင် မောင်းနှင်ခဲ့သူ ဇမ်ရှင်းဟောက်အား ယာဉ် (ပ) ၂/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄ တို့ဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...