နိုင်ငွေသိမ်း၏ မှတ်မှတ်ရရ ရက်စွဲများ

နိုင်ငွေသိမ်း၏ မှတ်မှတ်ရရ ရက်စွဲများ
မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း(Internet)
မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း(Internet)

၁၉၂၃ -မတ်လ(၁၉) ရက် အဘ နိုင်သာဒွန်းအောင်နှင့် အမိ မိငွေသုန်တို့မှ ဖွားမြင်သည်။
၁၉၃၈- အသက်(၁၅) နှစ် ဖျာပုံအထက်တန်းကျောင်းသားဘဝမှာပင် ကျောင်းသားသပိတ်ခေါင်းဆောင်အဖြစ် စတင်လှုပ်ရှားခဲ့သည်။

၁၉၄၂- ဂျပ်စင်ကောလိပ်တွင် တက္ကသိုလ်ကျောင်းသားဘဝ တလျှောက်လုံး နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကို တစိုက်မတ် လုပ်ခဲ့သည်။ အသက်(၂၀) တွင် BIA တပ်သို့ဝင်ပြီး ကျိုက်လတ်မြို့နယ်လုံခြုံရေးတာဝန် ယူခဲ့သည်။

၁၉၄၃- အာရှလူငယ်အဖွဲ့ချုပ်တွင် ပါဝင်လှုပ်ရှားခဲ့သည်။ ဂျပန်တော်လှန်ရေးခေတ်တွင် ရန်ကုန်ခရိုင်အတွင်းရှိ ပြောက်ကျားအဖွဲ့၌ ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၄၅-ရာမညတိုင်းလုံးဆိုင်ရာ မွန်အဖွဲ့ချုပ်တွင် အမှုဆောင်တာဝန် ယူခဲ့သည်။ ပဲခူးမြို့ စံပြကျေးရွာကို စတင်တည်ထောင်ဖော်ဆောင်ရာတွင် အတွင်းရေးမှူး တာဝန်ယူခဲ့သည်။

၁၉၄၆- ဒုတိယကမ္ဘာစစ်ပွဲအပြီး ပြည်သူ့ရဲဘော်တပ်ဖွဲ့တွင် ပါဝင်ခဲ့သည်။

၁၉၄၇- ဖားအောက်ရွာ မွန်လူမျိုးရေးရာအဖွဲ့ချုပ်(မရလ) ညီလာခံမှ အတွင်းရေးမှူးတာဝန်ယူခဲ့သည်။ မရလ ကိုယ်စားလှယ်အဖြစ် KNU ညီလာခံသို့ တက်ရောက်ခဲ့သည်။

၁၉၄၈- ဇူလိုင်လ(၂၈) ရက်နေ့တွင် ဇာသပြင်ရဲစခန်း လက်နက်သိမ်းသည့်ကိစ္စနှင့်ပတ်သက်ပြီး မော်လမြိုင်တွင် တောင်ကျသည်။ မော်လမြိုင် အာဏာပိုင်များကို KNU ဖမ်းဆီးပြီးသည့် ဇူလို်င်လ(၃၁) ည (၁၁) နာရီအချိန်တွင် ပြန်လွတ်လာသည်။ KNU နှင့်အတူ မော်လမြိုင်ခရိုင်ကို သိမ်းသည်။ မွန်နှင့်ကရင် ပူးတွဲအုပ်ချုပ်မှု(၄) ရက်ကြာပြီးနောက် အစိုးရကိုယ်စားလှယ် စောဘဦးကြီး ရောက်ရှိလာပြီး အချက်(၄) ချက်ပါ သဘောတူညီမှု ရရှိကြသည်။ ထိုနောက် မော်လမြိုင်မှ ဆုတ်ခွာလိုက်ရသည်။

၁၉၄၉- သံဖြူဇရပ်တွင် အခြေချစဉ် မွန်လက်နက်ကိုင်တိုက်ပွဲကိုစွန့်လွှတ်ရန် ဖဆပလတို့ လာရောက်ဆွေးနွေးသည်။ မွန်ပြည်နယ်သတ်မှတ်ပေးရေး တင်ပြချက်လက်မခံ၍ ပျက်သည်။ လက်နက်ကိုင်တိုက်ပွဲအတွက် ထိုင်းနိုင်ငံသို့သွားရောက်၍ မွန်များအား သွားရောက်စည်းရုံးသည်။

၁၉၅၀- ဖာပွန်တွင် ကျင်းပသော KNU ညီလာခံကို စောဘဦးကြီးနှင့်အတူ သွားရောက်သည်။

၁၉၅၂- ဖေဖော်ဝါရီ(၁၉) ရက်နေ့တွင် မွန်အမျိုးသားညီညွတ်ရေးတပ်ပေါင်းစု ဖွဲ့စည်းရာတွင် ဥက္ကဌတာဝန်ယူခဲ့သည်။

၁၉၅၄- မွန်ပြည်သူ့တပ်ဦး ဖွဲ့စည်းရာတွင် ဗဟိုအလုပ်အမှုဆောင် CEC တာဝန်ယူသည်။

၁၉၅၈- ဇူလိုင်လ(၁၉) ရက်နေ့တွင် ဖဆပလအစိုးရနှင့် မွန်ပြည်သူ့တပ်ဦးတို့ လက်နက်နှင့်ဒီမိုကရေစီလဲလှယ်ရေး သဘောတူညီမှုရရှိသည်။ ဥပဒေဘောင်အတွင်းဝင်ရောက်လာသဖြင့် ရန်ကုန်၊ ပဲခူး၊ မော်လမြိုင် ဒေသအသီးသီးသို့ မွန်အမျိုးသားလမ်းစဉ်၊ မွန်ပြည်နယ်ရရှိရေး လုပ်ငန်းစဉ် ရှင်းလင်းကြသည်။ 

၁၉၆၀-ရွေးကောက်ပွဲတွင် ဘားအံမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည်။

၁၉၆၁- မွန်ပြည်နယ်ဖော်ထုတ်ရေး အလုပ်ကော်မတီ(ဗဟို) တာဝန်ယူသည်။ တိုင်းရင်းသားပေါင်းစုံပါဝင်သော တောင်ကြီးညီလာခံ တက်ရောက်သည်။ ပြည်နယ်များညီညွတ်ရေးအဖွဲ့ CEC တာဝန်ယူသည်။

၁၉၆၂-ဖေဖော်ဝါရီ(၂၄) ရက် ရန်ကုန်မြို့ မြန်မာ့အသံ အသံလွှင့်ရုံတွင်ကျင်းပသည့် လူမျိုးပေါင်းစုံလိုလားသော ပြည်ထောင်စုနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို တက်ရောက်ခဲ့ရာ မတ်လ(၂) ရက် ဗိုလ်နေဝင်း အာဏာသိမ်းပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရသည်။

၁၉၆၃- ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရေး ကော်မတီဖွဲ့စည်းရာတွင် တနင်္သာရီတိုင်း တာဝန်ယူခဲ့သည်။ မိနှင်းစိန်နှင့် အိမ်ထောင်ပြုသည်။ သားတစ်ယောက် ထွန်းကားသည်။ နိုဝင်ဘာလ(၁၅) ရက်နေ့တွင် ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြီး ဖမ်းဆီးထိန်းသိမ်းခြင်း ခံရပြန်သည်။

၁၉၆၅- ဇန်နဝါရီ(၃) ရက်နေ့တွင် ထောင်မှလွတ်လာသည်။ ရန်ကုန်မြို့နယ်နိမိတ်အပြင်သို့(၂) နှစ် မထွက်ရန် တားမြစ်ခြင်းခံရသည်။

၁၉၈၁ မှ ၈၈ အတွင်း မွန်စာပေနှင့်ယဉ်ကျေးမှု၊ အမျိုးသားရေးရာကိစ္စများတွင် လှုပ်ရှားသည်။

၁၉၈၈- ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် တိုင်းရင်းသားအဖွဲ့များနှင့်အတူ ဦးဆောင်လှုပ်ရှားခဲ့သည်။

၁၉၈၉- မွန်အမျိုးသားဒီမိုကရေစီပါတီတည်ထောင်ပြီး ပါတီဒုဥက္ကဌတာဝန်ယူခဲ့သည်။ နိုင်ငံရေးသင်တန်းများ ပို့ချသည်။ UNLD အမြဲတမ်း သဘာပတိအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၉၀- ရွေးကောက်ပွဲတွင် ဘားအံမြို့နယ်မဲဆန္ဒနယ်မှ ထပ်မံအရွေးခံရာ ရှုံးနိမ့်ပြန်သည်။ UNLD နှင့် NLD ပူးပေါင်းကာ နဝတစစ်အစိုးရအား လွှတ်တော်ခေါ်ယူရေး ဂန္ဒီစာတမ်း ကြေညာချက်ထုတ်ပြန်သည်။

သြဂုတ်(၁၉) ရက်နေ့ UNLD,NLD တို့၏ ဗိုလ်အောင်ကျော်လမ်း ပူးတွဲကြေညာချက် အမှတ်(၁) ထုတ်ပြန်သည်။ 

၁၉၉၁- နိုင်ငံရေးသင်တန်းပို့ချမှု၊ နိုင်ငံရေးသင်တန်းစာအုပ်ထုတ်ဝေမှုဖြင့် နိုဝင်ဘာလတွင် ထောင်ဒဏ်(၂၁) နှစ် ချမှတ်ခြင်း ခံရသည်။

၁၉၉၄- နဝတစစ်အစိုးနှင့် အပစ်ရပ်စဲဆွေးနွေးပွဲတွင် မွန်ပြည်သစ်ပါတီ၏တောင်းဆိုမှုဖြင့် သြဂုတ်(၂၃) ရက်နေ့၌ ထောင်မှ လွတ်မြောက်လာသည်။

၁၉၉၆-နိုင်ငံရေးသမားဟောင်း(၂၃) အဖွဲ့တွင် ပါဝင်ခဲ့ပြီး နဝတခေါင်းဆောင်များသို့ ပန်ကြားလွှာပေးပို့ခဲ့သည်။

၁၉၉၇- ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ CRPP ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည်။

၁၉၉၈-သြဂုတ်လ(၂၇) ရက်နေ့တွင် မွန်ပြည်သစ်ပါတီသို့ ပေးပို့သော “နဝတ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေသည်” အကြံပြုစာတမ်းရေးသားမှုကြောင့် ထောင်(၇) နှစ် ချမှတ်ခံရသည်။

၂၀၀၅- ဇွန်လ(၄) ရက်တွင် မော်လမြိုင်ထောင်မှ ပြန်လည်လွတ်မြောက်လာသည်။ (၂၃) ဦး ဝါရင့်နိုင်ငံရေးသမားဟောင်းအဖွဲ့တွင် ဆက်လက်လှုပ်ရှားသည်။ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA အဖွဲ့တွင် ဆက်လက်ဆောင်ရွက်သည်။

၂၀၀၈- UNA အနေဖြင့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ အကြံပြုစာရေးသားပေးပို့ခဲ့သည်။

၂၀၁၀- အောက်တိုဘာ(၂၄) ရက်နေ့ ဇိုမီးအမျိုးသားကွန်ကရက်ပါတီမွေးနေ့့ကိုအကြောင်းပြု၍ (၂၁) ပင်လုံကို ဦးတည်သော ကလေးမြို့ကြေညာစာတမ်းကို ဦးဆောင်လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၂- မွန်အမျိုးသားဒီမိုကရေစီပါတီ MDP ဖွဲ့စည်းရာတွင် ဥက္ကဌဖြစ်လာသည်။ 

၂၀၁၅- မွန်အမျိုးသားဒီမိုကရေစီပါတီကို မွန်အမျိုးသားပါတီ MNP အမည်ပြောင်းလဲပြီးနောက် ဇန်နဝါရီလတွင် ပထမအကြိမ်ပါတီညီလာခံကျင်းပရာ ဥက္ကဌအဖြစ် ရွေးချယ်တာဝန်ပေးအပ်ခြင်းခံရသည်။ 

ထိုနောက် ကျန်းမာရေးအရ ပါတီတာဝန်ထမ်းဆောင်နိုင်ခြင်းမရှိသဖြင့် ဥက္ကဌအဖြစ်မှ ရပ်နားခွင့်ပြုရန်တောင်းဆိုခဲ့ပြီး ပါတီ၏ဂုဏ်ထူးဆောင်နာယက ဖြစ်လာသည်။

၂၀၁၈-မွန်အမျိုးသားခေါင်းဆောင်ကြီး နိုင်ငွေသိမ်း အသက်(၉၆) နှစ်သည် အောက်တိုဘာ ၂ ရက် ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရန်ကုန်မြို့၊ ရန်ကင်းနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။



ကိုးကားချက်။  ။

-ဇာတိမြေမှ ယနေ့တိုင်(တော်လှန်ရေးနှင့် နိုင်ငံရေးခရီး) ၂၀၁၅ ခုနှစ် -နိုင်ငွေသိမ်း 

January 13, 2026
စစ်ကော်မရှင်၏ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကို အမှန်တကယ် ကိုယ်စားပြုမည်မဟုတ်သည့်အတွက်...
January 12, 2026
ဇန်နဝါရီ ၁၁ ရက်နေ့ ယမန်နေ့က မြို့နယ် (၅) မြို့နယ်တွင် ကျင်းပခဲ့သည့် အပိုင်း (၂) ရွေးကောက်ပွဲတွင်...
January 9, 2026
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာအနီးရှိ ကတုံးပေါ်ကျေးရွာမြောက်ပိုင်း၊ ကွက်သစ်ရပ်မှ...
January 8, 2026
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အကျဉ်းထောင်မှ အကျဉ်းသားအချို့ကို လက်နက်တပ်ဆင်ပေးပြီး...