မဏိပူရရေလှောင်တမံစီမံကိန်း ချင်းနှင့်စစ်ကိုင်းကို တိုက်ရိုက်အကျိူးပြုမည်ဟု ဒုသမ္မတပြော

မဏိပူရရေလှောင်တမံစီမံကိန်း ချင်းနှင့်စစ်ကိုင်းကို တိုက်ရိုက်အကျိူးပြုမည်ဟု ဒုသမ္မတပြော

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် မဏိပူရရေလှောင်တမံ ဘက်စုံစီမံကိန်းသည် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွက် တိုက်ရိုက်အကျိုးပြုနိုင်မည့် စီမံကိန်းတစ်ခုဖြစ်သည့်အတွက် ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်သည်ဟု နိုင်ငံတော်ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၂၈ မှ ၃၀) ရက်နေ့အထိ ချင်းပြည်နယ်သို့ ရောက်ရှိလာသော ဒု-သမ္မတသည် ချင်းပြည်နယ် ဝန်ကြီးချူပ် ဦးဆလိုင်းလျန်လွယ်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တို့နဲ့အတူ မဏိပူရ ရေလှောင်တမံကို သွားရောက်ကြည့်ရှူခဲ့ကြခြင်းဖြစ်သည်။

မဏိပူရရေလှောင် တမံစီမံကိန်းသည် စိုက်ပျိုးရေအတွက် သာမက လျှပ်စစ်ဓာတ်အားပါ ထုတ်လုပ်နိုင်မည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ တမံတည်ဆောက်ခြင်းအားဖြင့် မဏိပူရ မြစ်ရေလမ်းကြောင်း ကောင်းမွန်လာ မည်ဖြစ်ပြီး ကုန်စည်သယ်ဆောင်မှုနှင့် ခရီးသွားလာမှုလုပ်ငန်းများကိုပါ များစွာ အထောက်အကူပြုနိုင်မည်ဖြစ်သည်ဟု ဒု-သမ္မတက ပြောဆိုခဲ့သည်။

စီမံကိန်းအကောင်အထည်ဖော်ခြင်းဖြင့် ဒေသတွင်း လယ်မြေဧရိယာ ဧက (၈ဝဝဝဝ) ခန့် စိုက်ပျိုးရေပေးဝေနိုင်မည် ဖြစ်ကြောင်း၊ မူလဒီဇိုင်းအတိုင်း တည်ဆောက်နိုင်မည်ဆိုပါက ရေအားလျှပ်စစ် (၃၈ဝ) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြစ်သာမြစ်ဝှမ်းရှိ ကလေးလွင်ပြင်ဒေသ ရေကြီးနစ်မြုပ်မှု လျော့ပါးသက်သာစေမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...