ကလေးမြို့ CCTV တပ်ဆင်မည့်ကိစ္စ လွှတ်တော်မှ အတည်မပြုသေး

ကလေးမြို့ CCTV တပ်ဆင်မည့်ကိစ္စ လွှတ်တော်မှ အတည်မပြုသေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် CCTV တပ်ဆင်ရန် ယမန်နှစ်က လျာထားခဲ့ သော်လည်း ပြည်ထောင်စု အစိုးရမှ ဘဏ္ဍာရေးထောက်ပံ့မှု ဘတ်ဂျက်တွင် ဖြတ်တောက်မှုခံရသည့်အတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လုပ်ဆောင်ရန် ပြန်လည်လျာထားသည်ဟု တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။

ယမန်နှစ်က ကလေးမြို့နယ်အတွက် CCTV တပ်ဆင်ရန် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်မှ ကတိရခဲ့ပြီး Mini ဘတ်ဂျက်တွင်ပါဝင်ကာ တိုင်းဒေသကြီးအဆင့်မှ အတည်ပြုဆွေးနွေးပြီး ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်မှ တိုင်းဒေသကြီး၏ ဝင်ငွေနှင့်လိုငွေ ထောက်ပ့ံပေးမှုတွင် အချို့သောလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဖြတ်တောက်လျော့ချပြီး CCTV တပ်ဆင်ဆောင်ရွက်မည့် ဘတ်ဂျက်သည် လျော့ချမှုထဲ၌ ပါဝင်ခြင်းကြောင့် အကောင်အထည်မဖော်ရခြင်းဖြစ်ကြောင်း ဒေါ်သန့်ဝေကျော်ကပြောသည်။

CCTV တပ်ဆင်ရန်အတွက် ပြည်ထောင်စုမှ ယမန်နှစ်က လျော့ချသော်လည်း ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာဝန်ကြီးမှ လွှတ်တော်တွင် ပြန်တင်ပြခဲ့ကြောင်း သူကဆက်ပြောသည်။

“ အကောင်အထည်ဖော်ရန်က လွှတ်တော်ကအတည်မပြုသေးဘူး ပထမအဆင့်တက်သွားပြီးတော့ ပြည်ထောင်စုမှ ပြန်ဆင်းလာတယ် ပြန်ဆင်းလာပြီးတော့ အခု မနေ့ကမှ ဝန်ကြီးက တင်သွင်းတုန်းဆိုတော့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ဆွေးနွေးကြအုံးမယ် ဆွေးနွေးကြပြီးတော့မှပဲ အခုလွှတ်တော်က ၁၆ ကြိမ်မြောက်ကျင်းပနေတယ် ဒီလွှတ်တော်မှာပဲအတည်ပြုပြီဆိုရင်တော့ နောက်လကနေ ဘတ်ဂျက်စမယ် ဘတ်ဂျက်စပြီးရင်တော့ အစိုးရမှ တင်ဒါခေါ်တဲ့လုပ်ငန်းတွေဆက်လုပ်လိုက်မယ် တင်ဒါအောင်တဲ့ ကုမ္ပဏီကပဲလာလုပ်ရပါမယ်” တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်ကပြောသည်။

ယင်း CCTV တပ်ဆင်ရန်အတွက် ကလေးမြို့နယ် အုပ်ချုပ်ရေးပိုင်းက ယမန်နှစ်က (၁၅) နေရာအတွက်လျာထားခဲ့ကြောင်း သိရပြီး CCTV တပ်ဆင်ရန် ကလေးမြို့နယ်အပြင် ကသာ၊ ရွှေဘို၊ မုံရွာ၊ စစ်ကိုင်းမြို့တို့လည်းပါဝင်ကြောင်းလည်းသိရသည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...