ပလက်ဝတွင် ချင်းအမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိလို့ သေဆုံး

ပလက်ဝတွင် ချင်းအမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိလို့ သေဆုံး

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်၊ ပီချောင်းဒေသအထက်ပိုင်း ငတိန်းအုပ်စု ငတိန်းကျေးရွာနေ ဒေါ်ဖြစ်လိုက် အသက် (၂၈) နှစ်သည် စက်တင်ဘာလ (၂၀) ရက်နေ့က တောထဲတွင် ဝဥရှာဖွေရင်း မြေမြှပ်မိုင်းနင်းမိ၍ သေဆုံးသွားသည် ဟု သိရသည်။

ဒေါ်ဖြစ်လိုက်နှင့်အဖော် (၅) ဦးတို့သည် ရွာမှ မိနစ် (၃၀) ခန့်သွားရသော ခရုတောင်စောင်းဒေသတွင် ဝဥ ရှာဖွေရင်း အမည်မသိသူများ ထောင်ထားသော မြေမြှပ်မိုင်းနင်းမိကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးကပြောသည်။

ဒေါ်ဖြစ်လိုက်တွင် အသက် (၅) နှစ်အရွယ် သမီးလေး ကျန်ရစ်ခဲ့သည်ဟု သိရသည်။ အဆိုပါဒေသသည် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်စပ်ဘက်ဖြစ်ပြီး ရခိုင့်တပ်မတော်တို့ လှုပ်ရှားသည့်နယ်မြေဒေသတစ်ခု ဖြစ်သည်ဟု သိရသည်။ သို့သော်လည်း ယခုမြေမြှပ်မိုင်းသည် မည်သည့်တပ်ဖွဲ့မှ ထောင်းထားသည့် မိုင်းဖြစ်သည်ကိုမူ မသိရပေ။

ခူမီးမီဒီယာမှ အယ်ဒီတာ ကိုပီတာလွယ်လူးက “ မြေမြှပ်မိုင်းအသုံးပြုတာတော့ တကယ့်ကို အန္တာရာယ်ရှိတယ်၊ လက်နက်ပိုင်တပ်ဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့အမှုန်းပွားလို့ ထောင်းထားကြတဲ့ မြေမြှပ်မိုင်းမှာ အပြစ်မဲ့ပြည်သူတွေသေဆုံးရတာဟာ တကယ်ကိုစိတ်မကောင်းဘူး အစိုးရအနေနဲ့ ဒီကိစ္စအပေါ်မှာ သေဆုံးသွားတဲ့ မိသားစုတွေကို တစ်စုံတစ်ရာကူညီထောက်ပံ့ သင့်ပါတယ်’’ ဟု ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ၂၀၁၅ ခုနှစ် နောက်ပိုင်းမှစတင်ကာ ရခိုင့်တပ်မတော် နှင့် မြန်မာ့တပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ရာနှင့်ချီသောဒေသခံပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။

Most read this week

ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...