လူနာများမှ သဘောဆန္ဒအလျောက်သာ အလှူငွေထည့်ဝင်ခြင်းဟု မွန်ပြည်နယ်လူမှုရေးဝန်ကြီးဆို

လူနာများမှ သဘောဆန္ဒအလျောက်သာ အလှူငွေထည့်ဝင်ခြင်းဟု မွန်ပြည်နယ်လူမှုရေးဝန်ကြီးဆို
by -
နွန်နွန်

မုဒုံမြို့နယ်ပြည်သူ့ဆေးရုံတွင် မွေးဖွားလူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများကို နိုင်ငံတော်မှ အခမဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး လူနာများမှ မိမိတို့၏ သဘောဆန္ဒဖြင့်သာ အလှူငွေထည့်ဝင်ခြင်းများ ရှိနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက ပြောသည်။

စက်တင်ဘာ ၂၁ ရက်က ကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ၁၁ ကြိမ်မြောက် ပုံမှန် အစည်းအဝေး (ဆဋ္ဌမနေ့)တွင် မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က မုဒုံမြို့နယ်(၂၅) ကုတင်ဆံ့ဆေးရုံတွင် မွေးလူနာများ ဆေးရုံမှ မည်သည့်နှုန်းထားဖြင့် ငွေကြေးကောက်ခံနေသလဲ၊ ထိုသို့ကောက်ခံခြင်းသည် တရားဝင် ရှိ/မရှိ မေးမြန်းခဲ့ခြင်းအပေါ် ဖြေဆိုခဲ့ခြင်း  ဖြစ်သည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာထိန်လင်းက “ ယခင်ကတည်းက ကျန်းမာရေး စောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်လျက် ရှိပါတယ်။ နိုင်ငံတော်က ထောက်ပံ့ပေးတဲ့ ဆေးနှင့် ဆေးပစ္စည်း သာ အခမဲ့ရရှိနိုင်ပါတယ်။ အခြား လိုအပ်ပါက ပြင်ပမှ ဝယ်ယူရပါတယ်။ မွေးလူနာများနှင့် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကိုလည်း အခမဲ့ဆောင်ရွက်ပေးနေပါကြောင်း၊ လူနာများမှ မိမိတို့၏ သဘောဆန္ဒဖြင့်သာ အလှူငွေထည့်ဝင်ခြင်းများ ရှိနေကြောင်း” ဟု ပြောသည်။

အခမဲ့ဟုဆိုသော်လည်း သော်လည်း အခကြေးငွေနှင့် အလှူငွေများပေးဆောင်နေရကြောင်း မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဆက်စပ်မေးခွန်းမေးမြန်းရာ၌ ပြောဆိုခဲ့သည်။

“ပြည်သူ့ဆေးရုံမှာ မွေးဖွားလူနာတွေကို အခမဲ့ပေးနေတယ်ဆိုတာ ဘယ်လိုအခမျိုးလဲ၊ လက်ရှိ စုံစမ်းမှုအရ ရိုးရိုးမွေးရင် ၅ သောင်းပေးရတယ်။ ခွဲစိတ်ပြီးမွေးရင် ၈ သောင်းကနေ ၁ သိန်းခွဲအထိ ရှိတယ်။ ကျွန်မသိထားတာ ဒီလိုကောက်ခံနေတာက တရားဝင် မဟုတ်ဘူး။ ပြည်သူလူထုအတွက် ဖွင့်ထားတဲ့ ဆေးရုံမို့လို အားကိုးပြီး လာခဲ့တာပါ။ ဒါကြောင့် ပြည်သူလူထုဆီကို တောင်းခံပိုင်ခွင့် မရှိပါဘူး။ဆေးရုံမှာ မရှိတဲ့ ပစ္စည်းတွေကိုသာ အပြင်မှာ ဝယ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် ငွေကြေးပေးရသလဲလို့မေးလို့ရှိရင် မြို့နယ်ဆရာဝန်ကြီးအတွက် ပေးရပါတယ်လို့ ပြောပါတယ်။ အလှူခံကတော့ စေတနာရှိသလောက်တော့ ပေးပါတဲ့။ အလှူခံပုံးရှိသလား မေးတော့ အလှူခံပုံး မရှိပါဘူးတဲ့။” ဟု မုဒုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်က ပြောသည်။

အဆိုပါဆေးရုံတွင် တက်ရောက်မွေးဖွားခဲ့ဖူးသူ၏မိခင်ဖြစ်သူ ဒေါ်ဌေးဌေးဝင်း က “မွေးတဲ့အခါကြရင် ရေကအစ ပိုက်ဆံ ပေးရတယ်။ နောက် ခွဲမွေးပြီးလို့ရှိရင်လည်း ခွဲခ တစ်သိန်းပေးရတယ်။ ရိုးရိုးမွေးတာတော့ ငါးသောင်း ပေးရတယ်။ အဲဒါနဲ့မက စေတနာရှိသလောက် ရန်ပုံငွေ ထပ်ထည့်ပေးရသေးတယ်။ တစ်သောင်းလောက်ပေါ့။ တာဝန်ကျ ဆရာမတွေက တစ်သိန်းနဲ့ တစ်သောင်း အပြီးတွဲ ရပ်တောင်းတယ်။ ဒီတောင်းဆိုမှုတွေကို ပပျောက်ချင်တယ်ပေါ့။ မရှိဆင်းရဲသားတွေအတွက် အခမဲ့ဖြစ် စေချင်ပါတယ်” ဟု ပြောသည်။

မုဒုံမြို့နယ်တွင် အိမ်ခြေ ၃၈၀၀၀ ကျော်ရှိပြီး မြို့ပေါ်နေသူဦးရေ ၇၀၀၀၀ ကျော်နှင့် ကျေးလက်နေသူဦးရေ ၁၁၀၀၀ ကျော်ရှိရာ ပြည်သူအများစုမှာ နေ့လုပ်နေ့စားများဖြစ်ကာ ပြင်ပဆေးခန်း/ဆေးရုံသို့ သွားရောက် ကုသခြင်း မပြုနိုင်သည့်အတွက် နိုင်ငံတော်မှ အခမဲ့ဆောင်ရွက်ပေးနေသော မြို့နယ်ပြည်သူ့ဆေးရုံကို အားကိုးပြီး လာရောက်ကုသနေရခြင်း ဖြစ်သည်ဟု သိရသည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...