ရိခေါဒါရ်မြို့ ကားလေးဝင်း စက်တင်ဘာ ၂၉ ရက်နေ့ ဖွင့်လှစ်မည်

ရိခေါဒါရ်မြို့ ကားလေးဝင်း စက်တင်ဘာ ၂၉ ရက်နေ့ ဖွင့်လှစ်မည်

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ်၊ ဖလမ်းခရိုင် ရိခေါဒါရ်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု၊ လူနှင့်ယာဉ် အန္တရာယ်ကင်းရှင်းရေးနှင့် ခရီးသည်တင်ယာဉ်လိုင်းများ စနစ်တကျဖြစ်စေရေး ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားသော ကားလေးဝင်းအား စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

ရိခေါဒါရ်မြို့တွင် ကားလေးဝင်းတည်ဆောက်ဖို့ မြေနေရာအပြင် ဘတ်ဂျက်များမရှိသည့်အတွက်ကြောင့် အဆိုပါ ကားလေးဝင်း တည်ဆောက်ထားသောနေရာမှာ ရိခေါဒါရ်မြို့အဝင် မြေကွက် (၁.၁၄၀) ဧကအကျယ်အဝန်းအား ဒေသခံ စေတနာလှူရှင် ဦးမွဲသဲက လှူဒါန်းခဲ့ကြောင်း နှင့် အဆိုပါမြေကွက်ပေါ်တွင် မြို့စည်ပင်သာယာရေးကော်မတီမှ တာဝန်ယူကာ KHAU TE FAMILY ကုမ္ပဏီမှ ကားဂိတ်အဆောက်အဦးအရွယ်အစား (၁၂’×၁၀’) သွပ်မိုး၊ သွပ်ကာ၊ ကွန်ကရစ်ခင်း အဆောက်အဦး (၅)ခန်းတွဲ နှစ်ဆောင်၊ (၇)ခန်းတွဲ တစ်ဆောင်၊ စုစုပေါင်းအခန်းပေါင်း(၁၇)ခန်း ဆောက်လုပ်နေဆဲ ဖြစ်ကြောင်းသိရပြီး လာမယ့်အပတ်တွင် အပြီးဆောင်ရွက်နိုင်မည်ဟု ဦးလာလ်ပက်လောမ်က ခိုနှုမ်းသုန်သတင်းဌာနကို ယခုလို ပြောသည်။

“ကားလေးဝင်းတည်ဆောက်မယ့် မြေနေရာကတော့ ဦးမွဲသဲလှူထားတာပါ၊ တည်ဆောက်မယ့် Budget က မရှိတော့၊ စည်ပင်ကော်မတီက Khua te Family ကုမ္ပဏီကို ဆောက်ခိုင်းထားတယ်။ နောက်ပိုင်းမှာ ကားဂိတ်ကနေရလာတဲ့ ရန်ပုံငွေနဲ့ ကုမ္ပဏီကို ပြန်ဆပ်ဖို့ ဆွေးနွေးထားတယ်” လို့ ပြောပါသည်။ ယခုလို ကားလေးဝင်းတည်ဆောက်ရခြင်းမှာ အဓိကအားဖြင့် ယာဉ်ကြောပိတ်ပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့ အဓိက ရည်ရွယ်ချက်ဖြစ်ကြောင်း ယခုလို ဆက်ပြောပါသည်။ “အဓိကတော့ ယာဉ်ကြောပိတ်ဆို့မှု၊ လူယာဉ်အန္တရယ်ကင်းရှင်းဖို့က အဓိက ရည်ရွယ်ချက်ဖြစ်တယ်။ကားလေးဝင်းက မြို့အပြင်ဘက်မှာသွားထားတော့ အလုပ်အကိုင်အခွင့်အလမ်းတစ်ခု ဖန်တီးတာကျတော့ပေါ့နော်၊ ဆိုင်ကယ်ကယ်ရီသမား အတွက်ဆို မြို့အပြင်ဆိုပေမယ့် တစ်ခြားမြို့တွေလို တကယ်ကြီးအလှမ်းဝေးတာတော့ မဟုတ်ပါဘူး၊ ခုလို ကားလေးဝင်း တည်ဆောက်တဲ့အပေါ်မှာတော့ ကောင်းကျိုး၊ ဆိုးကျိုးကတော့ ဒွန်တွဲနေတာပေါ့” လို့ ဆက်ပြောပါသည်။

ရိခေါဒါရ်မြို့တွင် ခရီးသည်တင်ကားဂိတ် ၁၄ ခု ရှိကြောင်း သိရပြီး ကုန်တင်ကားများ ရပ်နားထားမည့်နေရာ လောလောဆယ် မရှိသေးသည့်အတွက် ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။ ရိခေါဒါရ်မြို့သည် မြန်မာ-အိန္ဒိယနယ်စပ်မြို့တစ်ခုဖြစ်သည်နှင့်အညီ နယ်စပ် ကုန်သွယ်ရေးစခန်းတစ်ခုရှိပြီး လူနှင့်ယာဉ်ဝင်/ ထွက်သွားလာမှုများပြားသည့် နေရာဒေသတစ်ခုဖြစ်၍ လက်ရှိအခြေအနေ၌ ခရီးသည်တင်ယာဉ်များအား မြို့တွင်းလမ်းမဘေး များတွင် ယာယီဂိတ်ဖွင့်လှစ်ထားရာ ခရီးသည်များ အတင်အချပြုလုပ်ခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုနှင့် လူနှင့်ယာဉ်အန္တရာယ် စိုးရိမ်နေရကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...