မင်းတပ်မြို့ အော်ရီဒူးတာဝါတိုင်တည်ဆောက်မည့် ကိစ္စ ကုမ္ပဏီဘက်မှ ညှိနှိုင်းရန် ဖိတ်ခေါ်သော်လည်းဆက်လက်ကန့်ကွက်သွားမည်ဟုဆို

မင်းတပ်မြို့ အော်ရီဒူးတာဝါတိုင်တည်ဆောက်မည့် ကိစ္စ ကုမ္ပဏီဘက်မှ ညှိနှိုင်းရန် ဖိတ်ခေါ်သော်လည်းဆက်လက်ကန့်ကွက်သွားမည်ဟုဆို

မင်းတပ်မြို့အရှေ့ ပြင်ရက်ကွက်တွင် အော်ရီဒူးတာဝါတိုင်တည်ဆောက် မည့်ကိစ္စနဲ့ပက်သက်ပြီးကုမ္ပဏီဖက်မှ စက်တင်ဘာလ(၁၂)ရက်နေ့ တွင် ပြန်လည်ဆွေးနွေးရန် ဖိတ်ခေါ်သော်လည်းဆက်လက်ကန့်ကွက်သွားမည်ဖြစ်ကြောင်းအရှေ့ပြင်ရက်ကွက်မှ ဦးရှင်းအောင်လိန်ကပြောသည်။

အရှေ့ပြင်ရက်ကွက်မှ ကန့်ကွက်သူဦးရှင်းအောင်လိန်က “ကျွန်တော်တို့ ဖက်ဒီလောက်ကန့် ကွက်စာတွေလည်းတင်ခဲ့ပြီးပြီအခုချိန်မှကုမ္ပဏီနဲ့ ပြန်လည်ဆွေးနွေးဖို့ဆိုတာ ကျွန်တော်တို့ ဖက်ကလူတွေကတော့ မသွားချင်ကြတော့ဘူး။ ကန့်ကွက်ပြီးသားဘဲထပ်ခါတစ်လဲလဲသွားစရာမှ မလိုတာလို့ တစ်ချို့ ကလည်းပြောကြတယ်၊ ကျွန်တော်တို ့အနေနဲ့ လည်းတာဝါတိုင်တည်ဆောက်မဲ့ ကိစ္စကိုဘယ်လိုနည်းနဲ့ မှသဘောမတူနိုင်ဘူး”ဟုပြောသည်။

မင်းတပ်မြို့ အရှေ့ပြင်ရပ်ကွက်တွင် အော်ရီဒူးတာဝါတိုင် တည်ဆောက်မည့်နေရာမှာလူနေအိမ်နှင့် အရမ်းနီးခြင်းကြောင့် ကျမ်းမာရေးပိုင်းစိုးရိမ်စရာရှိသဖြင့် ကန့်ကွက်ခြင်း ဖြစ်ကြောင်း သိရသည်။

သူကဆက်ပြီး “ကျွန်တော်တို့ ရပ်ကွက်ထဲမှာကိုဘဲတယ်လီနော်တာဝါတိုင်ရော၊ MPTတိုင်ရော၊MYTELတိုင်ရောရှိနေတော့ အခုထပ်ပြီးအော်ရီဒူးတာဝါတိုင်ပါတည် ဆောက်မယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ အန္တရယ်ကိုကြိုပြောနှိုင်ပေမဲ့ တတ်နှိုင်သမျှတော့ ကျွန်တော်တို့ ကာကွယ်တဲ့ သဘောပါ တည်ဆောက်မဲ့တာဝါတိုင်ကလည်း အိမ်တွေနဲ့လည်းအရမ်းနီးကပ်လွန်းတော့ ကျွန်တော်တို ့အနေနဲ့ တော့ ဘယ်လိုနည်းနဲ့မှသဘောမတူနှိုင်ဘူးအခြားနေရာမှာတည်ဆောက်စေချင်တယ်”ဟုပြောသည်။

အရှေ့ ပြင်ရက်ကွက်နေ ပြည်သူများမှ ၎င်းတို့ ၏ ရပ်ကွက်ထဲတွင် တရားမဝင် တာဝါတိုင်လာရောက် တည်ဆောက်ခြင်းအပေါ် ကန် ့ကွက်ကြကြောင်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုုံးတွင် လတ်မှတ်ရေးထိုးခဲ့ ကြပြီးဆွေးနွေးညှိနှိုင်းရန်အတွက် အုပ်ချုပ်မှူးမှ ကုမ္မဏီတာဝန်ရှိသူ၊ မြေပိုင်ရှင်နှင့် ကန့်ကွက်ပြည်သူများကိုဖိတ်ခေါ်ခဲ့သော်လည်းကုမ္မဏီဘက်နှင့် မြေပို်င်ရှင်ဘက်မှ လာရောက်ခဲ့ ခြင်းမရှိခဲ့ ဘဲကန် ့ကွက်ပြည်သူများသာလာရောက်ခဲ့ သည်။

အရှေ့ ပြင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနို်င်းအွမ်က “မြို့ နယ်အုပ်ချုပ်ရေးမှူးကကန့် ကွက်တဲ့ သူတွေကိုကုမ္ပဏီနဲ့ တွေ့ဆုံပေးပါလို့ ပြောတယ် အခုလိုဆွေးနွေးမှု တွေလုပ်ရင် အဖြေဘယ်လိုမျိုးထွက်လာမလဲဆိုတာတော့ မသိသေးဘူး မြို့ နယ်အုပ်ချုပ်ရေးမှူးကလည်း ပြည်သူလူထုရဲ့ သဘောဘဲဖြစ်မှာပါလို့တော့ပြောတယ််”ဟုပြောသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...