ဦးဥတ္တမနေ့တွင်စစ်တွေမှလူငယ်သုံးဦး မြောက်ဦးမြို့ထိစက်ဘီး၍ လူပ်ရှားမှု ပြုလုပ်

ဦးဥတ္တမနေ့တွင်စစ်တွေမှလူငယ်သုံးဦး မြောက်ဦးမြို့ထိစက်ဘီး၍ လူပ်ရှားမှု ပြုလုပ်

ရခိုင်စက်ဘီးအသင်း Arakan Cyclists Group (ACG) ကို လူများပိုမိုသိရှိရန်နှင့် အဖွဲ့ဝင် အသစ်များ တိုးပွားလာရန် ရည်ရွယ်၍ စစ်တွေမြို့မှ လူငယ်သုံးဦးတို့သည် (၇၉) နှစ်မြောက် ဆရာတော် ဦးတ္တမနေ့၌ စစ်တွေမှ မြောက်ဦးမြို့ထိ စက်ဘီးစီးပြီး လူပ်ရှားမှု ပြုလုပ်ခဲ့သည်။

၎င်းလူငယ်သုံးဦးမှာ ကိုမြတ်နိုင်ထွန်း၊ ကိုဘိုတင်အေးနှင့် ကိုဝင်းထွန်းကျော်တို့ ဖြစ်ကြသည်။

စက်ဘီးစီရာတွင် ပါဝင်သူ ကိုမြတ်နိုင်ထွန်းက “ ကျွန်တော်တို့ ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုကြိုဆိုသလို တစ်ခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ စက်ဘီး အသင်းကို လူပိုမိုသိလာပြီး အဖွဲ့ဝင်သစ်တွေ တိုးပွားလာရေး အတွက် ရည်ရွယ်ပြီးတော့ စက်ဘီးစီးပြီး လူပ်ရှားမှု ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

၎င်းတို့ သုံးဦးသည် စက်ဘီးကိုယ်စီဖြင့် စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် စစ်တွေ Noble Hotel ရှေ့မ စ၍ ထွက်ခွာခဲ့ကြပြီး ပုဏ္ဏားကျွန်းသို့ ၁၀ နာရီ ဝန်းကျင်တွင် ရောက်ရှိခဲ့ကြောင်း၊ ကျောက်တော် မဟာမုနိဘုရားသို့ ညနေ ၃ နာရခွဲခန့်တွင် ရောက်ရှိပြီး မြောက်ဦးမြို့သို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိခဲ့သည်ဟု သိရသည်။

May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...
Photo - APM
May 23, 2026
အာရက္ခပြည်စာရေးဆရာအသင်း (ဗဟို) မှ လစဉ်ပုံနှိပ်ထုတ်ဝေဖြန့်ချိသွားမည့် ”အာရက္ခသွီးချင်းဂျာနယ်”...