ရခိုင်စက်ဘီးအသင်း Arakan Cyclists Group (ACG) ကို လူများပိုမိုသိရှိရန်နှင့် အဖွဲ့ဝင် အသစ်များ တိုးပွားလာရန် ရည်ရွယ်၍ စစ်တွေမြို့မှ လူငယ်သုံးဦးတို့သည် (၇၉) နှစ်မြောက် ဆရာတော် ဦးတ္တမနေ့၌ စစ်တွေမှ မြောက်ဦးမြို့ထိ စက်ဘီးစီးပြီး လူပ်ရှားမှု ပြုလုပ်ခဲ့သည်။
၎င်းလူငယ်သုံးဦးမှာ ကိုမြတ်နိုင်ထွန်း၊ ကိုဘိုတင်အေးနှင့် ကိုဝင်းထွန်းကျော်တို့ ဖြစ်ကြသည်။
စက်ဘီးစီရာတွင် ပါဝင်သူ ကိုမြတ်နိုင်ထွန်းက “ ကျွန်တော်တို့ ဆရာတော်ဦးဥတ္တမနေ့ကို ဂုဏ်ပြုကြိုဆိုသလို တစ်ခြားတစ်ဖက်မှာလည်း ကျွန်တော်တို့ရဲ့ စက်ဘီး အသင်းကို လူပိုမိုသိလာပြီး အဖွဲ့ဝင်သစ်တွေ တိုးပွားလာရေး အတွက် ရည်ရွယ်ပြီးတော့ စက်ဘီးစီးပြီး လူပ်ရှားမှု ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းတို့ သုံးဦးသည် စက်ဘီးကိုယ်စီဖြင့် စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီတွင် စစ်တွေ Noble Hotel ရှေ့မ စ၍ ထွက်ခွာခဲ့ကြပြီး ပုဏ္ဏားကျွန်းသို့ ၁၀ နာရီ ဝန်းကျင်တွင် ရောက်ရှိခဲ့ကြောင်း၊ ကျောက်တော် မဟာမုနိဘုရားသို့ ညနေ ၃ နာရခွဲခန့်တွင် ရောက်ရှိပြီး မြောက်ဦးမြို့သို့ ညနေ ၆ နာရီခန့်တွင် ရောက်ရှိခဲ့သည်ဟု သိရသည်။







