ကလေးမြို့ဗိုလ်ချုပ်လမ်းမ လမ်းတာချဲ့မှုတွင် လမ်းနယ်ကျော်အိမ်များရှင်းလင်း

ကလေးမြို့ဗိုလ်ချုပ်လမ်းမ လမ်းတာချဲ့မှုတွင် လမ်းနယ်ကျော်အိမ်များရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ဗိုလ်ချုပ်လမ်းမကြီး လမ်းတာချဲ့မှုတွင် နိုင်လွန်ကတ္တရာ ပေတစ်ရာ လမ်းလုပ်ဆောင်ရန်အတွက် လမ်းနယ်ကျော်အိမ်များ ရှင်းလင်းနေရကြောင်းသိရသည်။

နိုင်လွန်ကတ္တရာပေတစ်ရာလမ်းခင်းရန် ဗိုလ်ချုပ်လမ်းမတွက် ပေ ၁၀၀ သတ်မှတ်ချက်ရှိပြီး လမ်းဦးစီး ဌာနမှလမ်းတာချဲ့ကာ ပေ ၉၀ သတ်မှတ်ယူမှုတွင် နေအိမ် ၆ လုံးမှာ အိမ်လုံးလိုက် လမ်းနယ်ကျော်ထိကြောင်း ကလေးခရိုင်လမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ဦးခိုင်ဝေလင်းကပြောသည်။

ကလေးမြို့နယ် လမ်းတာချဲ့ရန်အတွက် မြို့နယ်ဦးစီးအရာရှိတွေထံ လမ်းနယ်ကျူးကျော်ထားသည့် သတိပေးစာကိုထုတ်ထားခဲ့ကြောင်း တံတားဦးနှင့် စိန်မေရီကြား စတင်လုပ်ဆောင်ခဲ့ကြောင်း အထက်ပါပုဂ္ဂိုလ်ကပြောသည်။

လမ်းနယ်ကျူးကျော်သည့် အိမ်အလုံးလိုက်ထိခိုက်သူများကို လမ်းဦးစီးဌာနမှ နစ်နာကြေးပေးဆောင်ခြင်းမရှိသည့်အတွက် ငွေရေးကြီးရေးအခက်အခဲကြောင့် အိမ်ဖြိုချရန်လိုအပ်သော်လည်း အခက်အခဲများရင်ဆိုင်ရပြီး၊ မိုးတွင်းကာလအတွင်း ခိုလုံရန်အတွက်အခက်အခဲရှိသူများလည်းရှိကြောင်းသိရသည်။

ကလေးမြို့နယ် တပ်ဦးသီတာရပ်ကွက်ရှိ ဦးထန်းမှ “ အစိုးရကလုပ်တဲ့ကိစ္စဆိုတော့ ကျွန်တော်တို့လည်း မပြုလုပ်လည်းမဖြစ်ဘူး ငွေရေးကြီးကိစ္စ သူများလည်း မဌားနိုင်ဘူး ကျွန်တော်တို့ကိုယ်တိုင်မိသားစုနှင့် အားလုံးလုပ်ရတာ အိမ်ကလည်းအသစ်မဆောက်နိုင်ဘူး ဖျက်မယ်ဆိုရင်လည်းနေစရာအိမ်လည်းမရှိတော့ဘူးဖြစ်မယ် အခုအိမ်ကအနောက်ဆုတ်ဖို့တော့ စီစဉ်ထားတယ်” လို့ သူကပြောသည်။

ယင်းကိစ္စနဲ့ပတ်သက်ပြီး ဦးခိုင်ဝေလင်းက “ မပေးဘူးဆိုတာက နဂိုကတည်းက လမ်းနယ်ပေါ်မှာဆောက်ထားတာဖြစ်တဲ့အတွက် တကယ်လို့ ဥပဒေအရဆိုရင်လည်း တရားဆွဲပြီးမှ ရှင်းလင်းပေးရမှာ ဒါပေမဲ့အခုလက်ရှိမှာ ကလေးမြို့ခံအနေနှင့်က ဘာမှတရားဥပဒေတွေမပြောလ်ိုက်ရပဲနဲ့ သူတို့အသိစိတ််နှင့် သူတို့လမ်းနယ်ပေါ်မှာဆောက်ထားမှန်းသိတဲ့အတွက် သူတို့ဟာသူတို့ပဲ ရှင်းပေးတယ် အဲဒီအတွက်လည်း ကလေးမြို့သူ မြို့သားတွေ ကျေးဇူးတင်ပါတယ် ပူးပေါင်းပါဝင်ပေးတဲ့အတွက်”ဟု ပြာသည်။

လမ်းတာတိုးချဲ့ရန်အတွက်အစိုးရမှ ကတ္တရာလမ်းခင်းရန် တစ်မိုင်အတွက် ကျပ် ၆၅၄ သန်းရရှိထားပြီး၊ ရေမြောင်းပြုလုပ်ရန် ခွင့်ပြုချက်ရန်ပုံငွေ ကျပ် ၃၇၃.၅ သန်းရှိကာ ကားပါကင်အတွက် ကျပ် ၂၀၈ သန်းခွင့်ပြုထားသည်ဟု သိရသည်။ လမ်းတာတိုးချဲ့ရန်အတွက် ကလေးမြို့မှ ကိုးမိုင်အထိသည် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ရရှိသည့် ဘက်ဂျက်ရနိုင်သလောက် ထိန်းပြီးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးခိုင်ဝေလင်းကပြောသည်။

“လာမည့် ၂၀၁၈ - ၂၀၁၉ မှာ ကျွန်တော်တို့က ပင်သာစျေးဘက်ခြမ်းမှာ ၁၀ နှင့် ၂၀ ကြားထဲမှာ တစ်မိုင် ခင်းဖို့ကျန်ပါတယ် အဲဒါကြောင့် ကျွန်တော်တို့ သတိပေးအကြောင်းကြားတဲ့စာတွေပို့နေတယ်” ဟု ၎င်းကဆက်ပြောသည်။

ကလေးမြို့နယ် ဗိုလ်ချုပ်လမ်းသည် နိုင်လွန်ကတ္တရာလမ်းအတွက် ပေ ၄၈ ဖြစ်ပြီး၊ ကားပါကင်အတွက် ပေ ၁၇ အဖြစ်နှင့် ရေမြောင်းအတွက် ပေ ၄ ဆောင်ရွက်ထားကြောင်း အထက်ပါပုဂ္ဂိုလ်မှသိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...