ရှမ်းတိုင်းရင်းသား လူငယ်တေးသံရှင် ၆ ဦးရဲ့ "ဆဋ္ဌဂံ" တေးစီးရီးသစ် ထွက်ရှိ

ရှမ်းတိုင်းရင်းသား လူငယ်တေးသံရှင် ၆ ဦးရဲ့ "ဆဋ္ဌဂံ" တေးစီးရီးသစ် ထွက်ရှိ
by -
ဒေါင်းလူ

ရှမ်းတိုင်းရင်းသား လူငယ်တေးသံရှင် ၆ ဦး စုပေါင်းသီဆိုထားတဲ့ “ဆဋ္ဌဂံ ” လို့ နာမည်ပေးထားတဲ့ တေးစီးရီးသစ်ကို လူငယ်တေးသံရှင်တွေက စတင်မိတ်ဆက်လိုက်ပါတယ်။

သြဂုတ်လ ၃၀ ရက်နေ့၊ နေ့လယ်ပိုင်းက ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာ တေးစီးရီးမိတ်ဆက်ပွဲပြုလုပ်ခဲ့တာ ဖြစ်ပြီး ဒီတေးစီးရီးမှာ ရှမ်းတိုင်းရင်းသား လူငယ်တေးသံရှင်တွေဖြစ်တဲ့ တိုးမခ၊ ဒေးဗစ်ခွန်နောင်၊ စိုး အောင်ဟိန်း၊ ဝမ်းဝမ်း၊ အယ်ကိုးလ်နဲ့ အယ်လှိုင်းတို့ ပါဝင်သီဆိုထားကြပါတယ်။

" အစက စဉ်းစားကြတယ်။ သီချင်းခေါင်းစဉ်တွေကို ပေးဖို့ စဉ်းစားကြတယ်။ ဒါပေမယ့် နောက်ဆုံး ၆ ယောက် ပေါင်းပြီး နောက်ဆုံးလုပ်ဖြစ်ကြတယ်ဆိုတော့ ၆ ယောက်နဲ့ပတ်သက်တာလေးကိုပဲ စဉ်းစားရင်း “ဆဋ္ဌဂံ ” ဆိုတာ ဖြစ်သွားတယ်။ အဲဒီလို နာမည်ပေးတာတွေက ဆင်တူရိုးမှားလေးတွေတော့ ရှိတာပေါ့နော်။ “ဆဋ္ဌဂံ ” ဆိုတာ မရှိဘူးဆိုတော့ ရွေးဖြစ်ကြတာပေါ့နော်" လို့ တေးသံရှင်အယ်လှိုင်းက ပြောပါတယ်။

ဒီတေးစီးရီးထဲမှာ နှလုံးသားများဆီသို့၊ သိပ်ချစ်ခဲ့တာပါ၊ နှလုံးသားဆုတောင်း၊ အချစ်တုမဟုတ်၊ ကျေးဇူးပဲ၊ တို့မြို့လေးဆီ၊ နောက်ဆုံးရွက်ကြွေ၊ အိမ်သို့၊ ၅ မိနစ်လေး၊ မိုးထက်က ကြယ်၊ သတိရဲခင်းများ၊ အမေ၊ Rocker Queen စတဲ့ တေးသီချင်း ၁၃ ပုဒ်ပါဝင်ပါတယ်။ တေးရေးအဖြစ် ဇေတူး၊ စောနိုင်၊ စိုးအောင်ဟိန်း၊ ဝမ်းဝမ်း၊ အယ်လှိုင်း၊ ဘသောင်း၊ အယ်ဖော၊ အထိုက်နဲ့ ShiNo တို့က ရေးသားထားပြီး LYNN Studio မှာ အသံဖမ်းယူ ထားတယ်လို့ သိရပါတယ်။

ဒီတေးစီးရီး VCD ကို ရှမ်းပြည်နယ်၊ ဟိုပုံး၊ တောင်ကြီးနဲ့ တိုင်းရင်းသားကျေးရွာတွေမှာ သွားရောက်ရိုက်ကူးပြီး တေးစီးရီးထွက်ရှိနိုင်ဖို့ အချိန် ၃ နှစ်လောက်ယူခဲ့ရတယ်လို့ သိရပါတယ်။

" ကျွန်တော်တို့က လွန်ခဲ့တဲ့ ၁ နှစ်ခွဲလောက်က အားလုံးအသံသွင်းပြီးတော့ အွန်လိုင်းမှာ Audio အခမဲ့ ဖြန့် လိုက်တယ်။ အခုကတော့ ၃ နှစ်လောက် အချိန်ယူလိုကရတယ်။ VCD ကတော့ တောင်ကြီးဘက်မှာ များတယ်။ နောက်ပြီး ဟိုပုံးဘက်က ပအိုဝ့်တိုင်းရင်းသားကျေးရွာတွေလည်း ပါတယ်။ ဒီခွေအတွက် ပရိသတ်ဆီက အများကြီး မျှော်လင့်ထားပါတယ်။" လို့ တေးသံရှင် အယ်ကိုးလ်က ပြောပါတယ်။

“ဆဋ္ဌဂံ ” လို့ အမည်ပေးထားတဲ့ တေးစီးရီးသစ်မိတ်ဆက်ပွဲမှာ တေးသံရှင် လှိုင်ဦးမော်လည်း တက်ရောက်အမှာ စကားပြောခဲ့ပါတယ်။ ဒီတေးစီးရီးကို Bo Bo Music Production ကနေ သြဂုတ်လ ၃၀ ရက်နေ့က စတင် ဖြန့်ချိသွားမယ်လို့ သိရပါတယ်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...