ဖိုင်​လင်း အ​ရေးအခင်း (၂၅) ပြည့်​အောက်​​မေ့ဖွယ်​အခမ်းနား ကျင်းပ

ဖိုင်​လင်း အ​ရေးအခင်း (၂၅) ပြည့်​အောက်​​မေ့ဖွယ်​အခမ်းနား ကျင်းပ

တမူးခရိုင် ​ဖိိုင်လင်းကျေးရွာတွင် ၁၉၉၃ ခုနှစ် စစ်တပ်မှ အရပ်သားပြည်သူလူထုအား သတ်ဖြတ်ခဲ့သည့် ​ဖိုင်လင်းအရေးခင်း (၂၅) နှစ်ပြည့်အခမ်းအနားကို ယမန်နေ့ (သြဂုတ် ၂၉ ရက်နေ့)မနက် ၁၁ နာရီတွင် ကျင်းပခဲ့ကြောင်း ကူကီလူငယ်ကွန်ရက်မှ အကြံပေးပုဂ္ဂိုလ် ဦးထန်ဆေးကပြောသည်။

ကူကီးလူမျိုးများနေထိုင်သည့် ဖိုင်လင်းကျေးရွာ၌ ၁၉၉၃ ခုနှစ် သြဂုတ်လတွင် ဖိုင်လင်းရွာခံ ၃ ဦးနှင့် မန်တော်ရွာမှ ၁ ဦးကို စစ်တပ် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရဆွေဝင်းမှ သတ်​ဖြတ်​ခဲ့ခြင်​း ဖြစ်ကြောင်းနှင့် ကူကီးလူမျိုးများမှ ယနေ့ထိမေ့မရနိုင်ခြင်းကြောင့် အခမ်းအနားကျင်းပခြင်းဖြစ်သည်ဟု ​အထက်ပါပုဂ္ဂိုလ်ကပြောသည်။

“ ၁၉၉၃ ခုနှစ်မှာ ကျွန်တော်တို့ ဖိုင်းလင်းမှာ အရေးခင်းကြီးတစ်ခုဖြစ်ခဲ့တယ် အဲဒီမှာ စစ်တပ်က စစ်သားတစ်ယောက်က လက်နက်လေးလက်နှင့် အိန္ဒိယနိုင်ငံကိုထွက်ပြေးခဲ့တယ် အဲဒီထွက်ပြေးတဲ့ကိစ္စမှာ ပြန်ရှာလို့မတွေ့လို့ အဲဒီမှာ ရွာခံ ၃ ယောက်နှင့် မန်တော်ရွာက တစ်ယောက်နှင့် လေးယောက်ကို စစ်တပ်က တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး သူရစိန်ဝင်း ဦးဆောင်ပြီးတော့ ဖိုင်လင်းရွာသား လေးဦးကို အပြစ်မရှိပဲနှင့် သေနတ်လေးလက်အစားဆိုပြီးတော့ သူတို့လေးယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာ ကျွန််တော်တို့ အဲဒါကို (၂၅) ပြည့်ပြီဖြစ်တော့ ဒါကိုမေ့လို့မရဘူး အောက်မေ့ဖွယ်ရာအခမ်းအနား ဆုတောင်းပွဲကျင်းပရခြင်းဖြစ်တယ်” လို့ ကူကီလူငယ်ကွန်ရက် အကြံပေးပုဂ္ဂိုလ် ဦးထန်ဆေးကပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကူကီးလူငယ်များကွန်ရက်မှ အရေးအခင်းမှ သေဆုံးသွားသူများ အောက်မေ့သတိရပွဲတွင် အစိုးရဌာနဆိုင်ရာများ အရပ်ဖက်အဖွဲ့အစည်းများ ဖိတ်ကြားထားပြီး ရွာသားတွေနှင့် ကူကီးလူငယ်များကွန်ရက်မှ ပထမဆုံးအကြိမ်ကျင်းပခဲ့ခြင်းဖြစ်သည်။

၄င်းအရေးအခင်းနှင့် ပတ်သက်ပြီး ကူကီးလူငယ်များကွန်ရက်မှ ပြည်သူတွေအတွက် လူ့အခွင့်အရေးချိုးဖောက်မှုများ နောက်နောင်မဖြစ်စေရန်လိုအပ်ကြောင်း ဦးထန်ဆေးကပြောသည်။

“ ပြည်သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရတယ် နောက်ပြီးတော့မှ အကြောက်တရားအောက်မှာ ဒီနေ့ထိ်ရှိသေးတယ်ဆိုတာကို ကျွန်တော်ကူကီးလူငယ်ကွန်ရက်အနေနှင့်က လွန်ခဲ့တဲ့အဖြစ်အပျက်တွေဟာ သမိုင်းမှတ်တမ်းအနေနှင့် ထားချင်တယ် နောက်နောင်ဒီလို နှိပ်စက်မှုမျိုး သတ်ဖြတ်မှုမျိုးမရှိအောင် ကျွန်တော်တို့ ပါစတာတွေကဆုတောင်းပေးတယ် တပ်မတော်အစိုးရအနေနှင့်လည်း ကျွန်တော်တို့ပြည်သူတွေကို အပြစ်မရိ်ှပဲ နှိပ်စက်သတ်ဖြတ်တဲ့အပြုအမူမျိုး နောက်ထပ်မလုပ်ဖို့ရန်အတွက် တောင်းဆိုချင်တယ်” လို့ ဦးထန်ဆေးကဆက်ပြောသည်။

အဆိုပါ အ​​​ရေခင်း၌ ​သေဆုံးသူများမှာ သိက္ခာတော်ရတရားဟော်ဆရာဦးရန်းခိုလက်၊ မန်တော်ကျေးရွာက ကျောင်းသား လူငယ်မောင်ထောင်းခိုလွန်း၊ ဦးထန်ခိုင် နှင့် ဦးမောင်ပု တို့ဖြစ်ပြီး ရွာသား ၁၁ တို့မှာ နှိပ်စက်ခံခဲ့ရကြောင်းသိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...