ဒေသခံပြည်သူအစုအဖွဲ့ပို်င် သစ်တော Community Forestry မှ ဝါးများကို အသုံးပြုပြီး လက်မှုပညာသင်ကြားပေးခြင််းကို ဝိုင်းမော်မြို့နယ် Tangbau ကျေးရွာရှိ သစ်တော အသုံးပြုသူများ ရုံးတွင် တစ်ပတ်သာ ပြုလုပ်ခဲ့ပါသည်။
ကျန်းမာရေးကို အထောက်အကူပြုသည့် ဝါးဖြင့် ပြုလုပ်သော အိမ်တွင်းသုံး ရေခွက်၊ ဓါတ်ဘူး၊ လင်ပန်း စသည်တို့ကို ပြုလုပ်သည့် လက်မှုပညာကို ပထမ ဆုံးအကြိမ် သင်ကြားပေးခြင်းလည်း ဖြစ်သည်ဟု သင်တန်း စီစဉ်သူ စိမ်းလန်းအမိမြေ ဖွံ့ဖြိုးရေးအသင်းမှ စီမံကိန်း တာဝန်ခံ ကိုစည်သူထွန်း ယခုလို ကချင်သတင်းဌာန KNG ကို ပြောပါသည်။
“ရည်ရွယ်ချက်ကတော့ ဒီဝို််င်းမော်မြို့မှာ အစုအဖွဲ့ပိုင် သစ်တော CF တည်ထောင်နေတာရှိတယ်။ အစုအဖွဲ့ပိုင်သစ်တော တွေက ထွက်တဲ့ဝါတွေကို ခုဒီဖက်က ဝါးကို အိမ်ဆောက်ရုံ လောက်ဘဲသုံးတယ်။ ဒီဝါးကနေ တန်ဖိုးမြင့် တဲ့ ထုတ်ကုန် တွေကို ထုတ်မယ်။ ခွက်တွေ လုပ်ပြီး စျေးကွက်ကို ပို့နိုင်ရင် ဒေသခံတွေအတွက် ဝင်ငွေ တစ်ဖက်က ရအောင်ပေါ့။”
သစ်တော အသုံးပြုသူများ အသင်းတွင်ပါဝင်သည့်အဖွဲ့ဝင် ကျေးရွာပေါင်း ၂၃ ရွာ မှ တစ်ရွာ ၁ ယောက် ကို ခေါ်ယူပြီး သင်ကြားပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
သင်တန်းပြီးဆုံးပြီးနောက်တွင်လည်း သင်တန်းသားများအတွက် ဝင်ငွေရရှိစေရန် သင်တန်းဆရာဖြစ်သူ ဦး Sin Wa Naw (ဆင်ဝါးနော်) နှင့် ဆက်သွယ်ပြီး ချိတ်ဆက် လုပ်ကို်င်ရန် ပြင်ဆင်ထားကြောင်း ထပ်မံ ပြောပြပါသည်။
“သင်တန််းဆရာကိုလည်း ဒေသခံက ဘဲခေါ်ထားတာပါ။ သူက လက်ရှိ မိသားစု တနိုင်တပိုင် လုပ်ငန်းအနေဖြင့် လုပ်ကိုင်နေတာရှိတယ်။ စျေးကွက်အနေနဲ့ အင်းလေး၊မန္တလေးနဲ့ ရန်ကုန်ဘက်သူ တင်ပို့ ရောင်းချနေတာပါ။ ဒီသင်တန်းက သူတွေ ဒီလုပ်ငန်းကို တကယ် ဆက်လုပ်သွားမယ် ဆိုရင်တော့ ဆရာလုပ်နေတဲ့ စျေးကွက်နဲ့ ချိတ်ပေးမယ်။ အဲ့တာမှ မဟုတ်ရင်လဲ ရန်ကုန်ဘက်က စျေးကွက် သိတဲ့သူတွင်နဲ့ ချိတ် ပေးဖို့ရှိပါတယ်” ဟု သူကပြောပါသည်။
ယခု ပထမဆုံး အကြိမ် သင်တန်းကို ၇ ရက်ကြာ၊ သင်တန်းသား ၂၀ ဦးကို သင်ကြားပေးနိုင်ပေးပြီး လင်ဘန်း၊ ခွက် နှင့် ဝါးဖြင့်ပြုလုပ်သည့် ရေဗူး စသည့် ၃ မျိုးကိုသာ သင်ကြားပေးနိုင်ခဲ့သည်။
လက်ရှိသင်တန်းပြီးနောက် အမှန် စိတ်ဝင်စားသူများ နှင့် ပြုလုပ်နိုင်သူများကို နောက်ထပ် ဆက်လက်ပြီး စားပွဲ၊ ထိုင်ခုံ စသည့် ထုတ်ကုန်များကို ပြုလုပ်နိုင်သည်အထိ သင်ကြားသွားရန် စီစဉ်ထားကြောင်း သိရပါသည်။







