ကချင် လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု စက်တင်ဘာ (၃)ရက်နေ့ စွဲချက် အမိန့်ချဖွယ်ရှိ

ကချင် လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု စက်တင်ဘာ (၃)ရက်နေ့ စွဲချက် အမိန့်ချဖွယ်ရှိ

ကချင်တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

ကချင် တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်မတာ် သား ဒုဗိုလ်မှုးကြီး မျိုးမင်းဦး တရားစွဲထားသည့် အဆိုပါ အမှုကို ဆက်လက် စစ်ဆေးသင့်/ မသင့် အကြောင်းကို လာမည့် အပတ် အမိန့်ချမည်ဟု တရားခံ တစ်ဦး ဦး Lum Zawng (လွမ်းဇောင်း) ပြောပါသည်။.

“ဒီနေ့ (သြဂုတ် ၂၇)တော့ စွဲချက်အတွက် လျှောက်လဲချက်ကို စာနဲ့ တင်ပြခြင်းသာဖြစ်တယ်။ စွဲချက်အမိန့်ဆိုတာ ကျနော်တို့ကို စွဲထားတဲ့ အမှု ဆက်လက် စစ်ဆေးသင့်မသင့် အမိန့်ချမှာ ဖြစ်တယ်။ ဆက်လက်စစ်ဆေးသင့်ကြောင်း အမိန့်ချရင်တော့ ကျနော်တို့ဘက်ကို ပြန်စစ်မှာဖြစ်တယ်။ မစစ်သင့်တော့ဘူး ဆိုရင်တော့ ဒီအမှုကို ပယ်ဖျက်လိုက်မှာ ဖြစ်တယ်။”

ယမန်နေ့ (သြဂုတ် ၂၇)  ရုံးချိန်းတွင် တပ်မတော်ဘက်က တရားလို တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်း မရှိခဲ့ပါ။

ဧပြီလဆန်းတွင်း ဖြစ်ပွားခဲ့သော ကချင်ပြည်နယ်အနှ့ံ တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့သော လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ဦး Lum Zawng၊ ဦး Zau Jat (ဇော်ဂျတ်) နှင့် ဒေါ် Nang Pu (နန်ပူ) တို့ကို တပ်တော်မှ အရေးယူခဲ့ခြင်းဖြစ်ပြီး မေလ (၁၆)ရက်နေ့မှ စတင်ကာ အမှု ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...