ကချင် လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု စက်တင်ဘာ (၃)ရက်နေ့ စွဲချက် အမိန့်ချဖွယ်ရှိ

ကချင် လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု စက်တင်ဘာ (၃)ရက်နေ့ စွဲချက် အမိန့်ချဖွယ်ရှိ

ကချင်တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

ကချင် တိုက်ပွဲ နယ်မြေအတွင်း ပိတ်မိနေသောပြည်သူများ လွတ်မြောက်ရေး လူငယ် ဆန္ဒပြ ဦးဆောင်ခဲ့သူ (၃)ဦး အား တပ်မတော်အသရေဖျက်မှု ဖြင့် တရားစွဲထားခြင်း အမှု စက်တင်ဘာ (၃) ရက်နေ့ ရုံးချိန်းတွင် စွဲချက် အမိန့်ချမည် ဖြစ်သည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တပ်မတာ် သား ဒုဗိုလ်မှုးကြီး မျိုးမင်းဦး တရားစွဲထားသည့် အဆိုပါ အမှုကို ဆက်လက် စစ်ဆေးသင့်/ မသင့် အကြောင်းကို လာမည့် အပတ် အမိန့်ချမည်ဟု တရားခံ တစ်ဦး ဦး Lum Zawng (လွမ်းဇောင်း) ပြောပါသည်။.

“ဒီနေ့ (သြဂုတ် ၂၇)တော့ စွဲချက်အတွက် လျှောက်လဲချက်ကို စာနဲ့ တင်ပြခြင်းသာဖြစ်တယ်။ စွဲချက်အမိန့်ဆိုတာ ကျနော်တို့ကို စွဲထားတဲ့ အမှု ဆက်လက် စစ်ဆေးသင့်မသင့် အမိန့်ချမှာ ဖြစ်တယ်။ ဆက်လက်စစ်ဆေးသင့်ကြောင်း အမိန့်ချရင်တော့ ကျနော်တို့ဘက်ကို ပြန်စစ်မှာဖြစ်တယ်။ မစစ်သင့်တော့ဘူး ဆိုရင်တော့ ဒီအမှုကို ပယ်ဖျက်လိုက်မှာ ဖြစ်တယ်။”

ယမန်နေ့ (သြဂုတ် ၂၇)  ရုံးချိန်းတွင် တပ်မတော်ဘက်က တရားလို တစ်ဦးတစ်ယောက်မျှ လာရောက်ခြင်း မရှိခဲ့ပါ။

ဧပြီလဆန်းတွင်း ဖြစ်ပွားခဲ့သော ကချင်ပြည်နယ်အနှ့ံ တိုက်ပွဲကြား ပိတ်မိပြည်သူများ လွတ်မြောက်ရေး သပိတ်စခန်းဖွင့် တောင်းဆိုခဲ့သော လှုပ်ရှားမှုကို ဦးဆောင်ခဲ့သည့် ဦး Lum Zawng၊ ဦး Zau Jat (ဇော်ဂျတ်) နှင့် ဒေါ် Nang Pu (နန်ပူ) တို့ကို တပ်တော်မှ အရေးယူခဲ့ခြင်းဖြစ်ပြီး မေလ (၁၆)ရက်နေ့မှ စတင်ကာ အမှု ရင်ဆိုင်နေရခြင်း ဖြစ်ပါသည်။

January 16, 2026
ဗန်းမော်တိုက်ပွဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ရှိုန်မြင့်တင်ပြီး တိုက်ပွဲဖော်ဆောင်နေတဲ့...
January 15, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ် ပယင်းမှော်ဒေသ တိုက်ပွဲဖြစ်နေတဲ့ လပူမှော်(Lapu Maw)နဲ့ ဝိုင်လော(Wai...
ပူတာအိုမြို့လေယာဉ်ကွင်းမှာ စစ်တပ် စစ်အင်အားအလုံးအရင်းမြင်တွေ့ရတဲ့မြင်ကွင်းဖြစ်ပါတယ်။ (ပုံဟောင်းအသုံးပြုထားပါတယ်)
January 14, 2026
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်ဘက်ကို စစ်ကောင်စီတပ်က လေကြောင်း၊ ကုန်းသုံးပြီး...
January 13, 2026
စစ်ကိုင်းတိုင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသထဲက NSCN-K ရဲ့ ဌာနချုပ်အထိုင်ချခဲ့ဖူးတဲ့...