ဇူလိုင်လမှ စတင်ခဲ့သော ရေဘေးတွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာ

ဇူလိုင်လမှ စတင်ခဲ့သော ရေဘေးတွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာ
by -
စိုးသူအောင်

မြစ်ရေမြင့်တက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ရေကြီးမှုဖြစ်ပွားကာ တိုင်းနှင့်ပြည်နယ်အနှံ့တွင် ရေဘေးကြောင့် လူ၂၃ ဦးသေဆုံးခဲ့ ရကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီစာရင်းများအရ သိရသည်။

ရေဘေးအန္တရာယ်ကြောင့် လူသေဆုံးခဲ့ရသည့်ဒေသများထဲတွင် မွန်ပြည်နယ်မှာ သေဆုံးသူ ၆ ဦး ဖြင့် အများဆုံးဖြစ်နေပြီး ကရင်ပြည်နယ်မှာ ၄ ဦး ဖြစ်သည်။

ရေဘေးကယ်ဆယ်ရေးစခန်းများပိတ်သိမ်းပြီးသော ဒေသများဖြစ်သည့် နေပြည်တော်တွင် ၁ ဦး၊ ရှမ်းပြည်နယ်တွင် ၁ ဦးနှင့် ကယားပြည်နယ်တွင် ၁ ဦး သေဆုံးခဲ့ရကြောင်းသိရသည်။

လက်ရှိ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်ထားရဆဲဒေသများဖြစ်သည့် ကရင်ပြည်နယ်တွင် ၄ ဦး၊ တနင်္သာရီတိုင်းဒေသကြီးတွင် ၃ ဦး၊ မွန်ပြည်နယ်တွင် ၆ ဦး၊ ပဲခူးတိုင်းတွင် ၄ဦး၊ မကွေးတိုင်းတွင် ၂ ဦး၊ စစ်ကိုင်းတိုင်းတွင် ၁ ဦး သေဆုံးခဲ့ရ ပြီး စုစုပေါင်းသေဆုံးသူ ၂၃ ဦးထိရှိနေသည်။

တစ်နိုင်ငံလုံးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀ ကျော်နှင့် ရေဘေးသင့်သူ တစ်သိန်းခွဲခန့်ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကယ်ဆယ်ရေးစခန်း ၆၀ ကို ပိတ်သိမ်းပြီးဖြစ်ပြီး ကျန်ရှိနေသေးသည့် စခန်း ၅၀ တွင် လူဦးရေ ၁ သောင်း ၆ ထောင်ကျော်ကျန်ရှိနေသေးသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေထပ်တိုးခဲ့သောကြောင့် ကရင်ပြည်နယ်ရှိ စခန်း ၁၆ ခု လူဦးရေ ၁ သောင်း ကျော်ဖြင့် အများဆုံးရှိနေသေးကြောင်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားးရေးဝန်ကြီးဌာနမှ ဇူလိုင်လနှင့် သြဂုတ်လအတွင်း   ရေဘေးဖြစ်ပွားမှုများအတွက် ငွေ ၇၉၇၆၀၈၉၈၆ ကျပ်အထိ ထောက်ပံ့ကူညီပေးခဲ့ကြောင်းလည်း အစိုးရဘက်မှ ထုတ်ပြန်ထားသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...