ချင်းပြည်နယ် လေယာဉ်ကွင်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ် လေယာဉ်ကွင်းတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးစီး

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဆူရ်ဘုန်တောင်ပေါ်တွင် တည်ဆောက်သည့် လေယာဉ်ကွင်း တည်ဆောက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း ချင်းပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

“ လာမယ့်နှစ်ဆိုရင် ကတ္တရာ ပေ ၁၀၀၀ ခင်းမယ်၊ အဲဒီမှာ သူတို့ရဲ့စနစ်အရ ကွန်ကရက်တွေ လည်းခင်းဖို့လိုတယ် လေယာဉ်ပြေးလမ်းအတွက် နိုင်လွန်ကတ္တရာတို့ခင်းအုံးမယ် သူတို့တာဝန်ခံနှင့် ကျွန်တော်တို့အစိုးရအဖွဲ့နှင့် ညှို့နှိုင်းတဲ့အချိန်မှာ ၅၀ ရာခိုင်နှုန်း ပြီးသွားပါပြီ” ဟု ဝန်ကြီး ဦးရွှေထီးအိုကပြောသည်။

မြန်မာ့လေကြောင်းပို့ဆောင် ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် ဆူရ်ဘုန် လေယာဉ်ကွင်းအတွက် ကျပ် ၂၅ ဘီလီယံအသုံးပြုရန် လျာထားပြီး ယခုလက်ရှိ အစိုးရ သက်တမ်း မကုန်မှီ လာမည့် ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှုပြီးစီးနိုင်မည်ဟု ဝန်ကြီးကဆက်ပြောသည်။

“ ကျနော်တို့အစိုးရသက်တမ်းမှာ အပြီးဆောင်ရွက်နိုင်အောင် လုပ်ဆောင်နေပါတယ်’’ ဟု လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကပြောသည်။

ဆူရ်ဘုန်လေယာဉ်ကွင်းသည် လေယာဉ်ပြေးလမ်းအဖြင့် အရှည် ပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀၊ လေယာဉ်ပေးလမ်း တဖက်တချက်စီသည် ပေ ၅၀၀ ကျယ်ဝန်းပြီး ခံနိုင်ရည်စွမ်းအား ပေါင် ၅၀၀၀၀ ရှိသည့် ATR-72 လေယာဉ်များ ဆင်းသက်နိုင်မည်လို့သိရပါသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...