ကချင်လူငယ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ နှီးနှော်ဖလှယ်ပွဲ ပြုလုပ်

ကချင်လူငယ်နှင့် စီးပွားရေး လုပ်ငန်းရှင်များ နှီးနှော်ဖလှယ်ပွဲ ပြုလုပ်

ကချင်လူငယ်များ စီးပွားရေးအမြင်ပွင့်ရန် ရည်ရွယ်ပြီး ပထမအကြိမ် ‘လူငယ်နှင့်စီးပွားရေးလုပ်ငန်းရှင်များမှ နှီးနှောဖလှယ်ပွဲ’ ကို သြဂုတ် ၁၁ ရက်နေ့တွင် AKYU ၏ မြစ်ကြီးနား ကချင်လူငယ်စင်တာ တွင် ပြုလုပ်ကျင်းပခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း အောင်မြင်နေတဲ့ မြောက်ပိုင်း U.S.A Lum Tu၊ Green Xingra Eco-Tour & Travel မှ Hpauna Seng Hkum၊ Authorized Dealer of John Paints (Norway) & Painting Service မှ Myitung Ying Nam စသည့် (၃)ဦး တို့ အဓိက ပါဝင်ဆွေးနွေးခဲ့သည်။

ကချင်လူငယ်များတွင် စီးပွားရေးအမြင်အားနည်းနေပြီး ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်များလည်း မရှိသောကြောင့် တိုးတက်ရေးတွင် နစ်နာဆုံးရှုံးမှုရှိလာသဖြင့် ပြုလုပ်ရခြင်းဖြစ်သည်ဟု ယနေ့ အစီစဉ် ဦးဆောင်ပြုလုပ်သည် ကချင်တမျိုးသားလုံးဆိုင်ရာ လူငယ်သမဂ္ဂ AKYU ခေါင်းဆောင် ဦးလွမ်းဇောင်း က ယခုလို ပြောသည်။

“တိုင်းပြည်တစ်ခုမှာ စီးပွားရေးက အလွန်အရေးကြီးပါတယ်။ စီးပွားရေးမကောင်းတဲ့နိုင်ငံက အလိုလိုနဲ့ ပျက်စီးလာမယ်။ ကချင်လူငယ်တွေ စီးပွားရေးအကြောင်း များများ သိဖို့ လိုအပ်တယ်။ လုပ်ငန်းကိုဦးဆောင်လုပ်ကိုင်တဲ့ လူငယ်ဖြစ်ရမယ်။ စီးပွားလုပ်ငန်းမှာ ဦးတည်နိုင်တဲ့ လူငယ်တွေဖြစ်လာမှ ကိုယ့်လူမျိုးအတွက်၊ ကိုယ့်ဘာသာအတွက် အကျိုးပြုလာမယ်။”

ကချင်လူငယ်များတွင် စီပွားရေးလုပ်ငန်းကို စိတ်ဝင်စားသူ နည်းပါးနေပြီး သဘာဝသယံဇာတအပေါ် မှီခိုသူ အရေအတွက်သာ များပြားလာနေသောကြောင့် လူငယ်များဘဝ ပျက်စီးသွားကြသည်ဟု ဆရာမ Myitung Ying Nam (Authorized Dealer Of Jotun Paints) က ယခုလိုသုံးသပ်ပြောဆိုခဲ့သည်။

“ကချင်လူငယ်အများပိုင်းက စီးပွားရေးကို စိတ်မဝင်စားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြတ်လမ်းဖြစ်တဲ့ သဘာဝ သယံဇာတ ကျောက်စိမ်း၊ ပယင်း တွေကိုပဲ မှီခိုနေကြတယ်။ တစ်ခြား စီးပွားရေးလုပ်ငန်းပိုင်းမှာ စိတ်က မရောက်တော့ ဘူး။ အဲ့တစ်ခုထဲကိုဘဲ အာရုံစိုက်တော့တယ်။ ပြီးရင်လုပ်ငန်းတစ်ခု လုပ်ဖို့နည်းလမ်းမသိတာလည်း ပါတယ်။ ပိုက်ဆံရှိမှ စီးပွားရေးလုပ်နိုင်မယ်လို့ ထင်ကြတယ်။ ဒီလိုအသိဉာဏ်တွေကြောင့် အခုထိ မတိုးတက်တာပါတယ်။”

လူငယ် နှင့် စီးပွားရေးလုပ်ငန်းရှင်များ နှီးနှော်ဖလှယ်ပွဲသို့ ကချင်လူငယ် (၆၀) ခန့် ပါဝင် တက်ရောက်ခဲ့ပါသည်။

 

June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...
June 24, 2026
ကချင်ပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတချို့မှာ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးစောင့်ရှောက်မှု...