ဖမ်းထားသည့် လူငယ်များအား ပြန်လွှတ်ပေးရန် RCSS/SSA ကို လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း

ဖမ်းထားသည့် လူငယ်များအား ပြန်လွှတ်ပေးရန် RCSS/SSA ကို လူ့အခွင့်အရေးကော်မရှင် တိုက်တွန်း
by -
ဇေယျာမော်

ရှမ်းပြည်နယ် ကျိုင်းခမ်းဒေသရှိ ကုမ္ပဏီလေးခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား ၁၂ ဦးအား RCSS/ SSA မှ၈ နှစ်ကြာ ဖမ်းဆီးထားခြင်းကို ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် က တိုက်တွန်းလိုက်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့အား ဖြေရှင်းပေးရန် ကော်မရှင်မှ အကြောင်းကြားစာ ပေးပို့ခဲ့သော်လည်း တောင်ကြီးမြို့ရှိ RCSS ဆက်ဆံရေးရုံးကို အကြောင်းကြားထားသည်ဟုသာ ရှမ်းပြည်နယ်အစိုးရက ပြန်ကြားလာသည်ဟု ကော်မရှင်ကဆိုသည်။

 EZY ၊ Power Tun ၊ Love and Like ၊ Pan Thu အမည်ရှိ ကုမ္ပဏီလေးခုတွင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမား အချို့ကို RCSS/SSA မှ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး လူအချို့အား ပြန်လွှတ်ပေးခဲ့ကာ ၆ ဦးအား ဖမ်းဆီးထိန်းသိမ်းထားသည်။

အဆိုပါ ဖမ်းဆီးထားသည့် ၆ ဦးအား ၂၀၁၁ ခုနှစ် ဇန်နဝါရီလအတွင်း၌ ကုမ္ပဏီဘက်မှ ကျပ်ငွေ သိန်း ၂၀၀ ဖြင့် သွားရောက်ရွေးယူသော်လည်း  တောင်းခံသည့် ငွေမပြည့်ဟုဆိုကာ ငွေသွားရောက်ပေးပို့သည့်အဖွဲ့မှ ၆ ဦးအား ထပ်မံဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးထားသူများအား ယခုအချိန်အထိ ပြန်မလွှတ်ပေးခြင်းကြောင့် မိသားစုဝင်များက မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းလည်းဖြစ်သည်။

 RCSS/SSA အဖွဲ့မှ ယင်းသို့လုပ်ဆောင်မှုသည် နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းစဉ်ကို ထိခိုက်စေနိုင်သည့်အပြင် အပြစ်မဲ့ တိုင်းရင်းသားပြည်သူများ၏ အခြေခံလူ့အခွင့်အရေးကို ထိခိုက်စေသည်ဟုလည်း ကော်မရှင်က ထုတ်ပြန်ထားသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး RCSS ပြောရေးဆိုခွင့်ရှိသူများကို မဇ္စျိမဘက်က ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...