ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းဦးလျန်လွယ်မှ India-Myanmar Border pass ဖွင့်လှစ်

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းဦးလျန်လွယ်မှ India-Myanmar Border pass ဖွင့်လှစ်
(ဓါတ်ပုံ- ရိဒ်ခေါဒါရ် ပြန်/ဆက်)
(ဓါတ်ပုံ- ရိဒ်ခေါဒါရ် ပြန်/ဆက်)

ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်း ဦးလျန်လွယ်မှ အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေး ချစ်ကြည်ရေးတံတားမှတဆင့် တရားဝင် ဝင်ထွက်သွားလာနိုင်သည့် India-Myanmar Border pass ကို ယနေ့ (သြဂုတ်လ ၈ ရက်နေ့) နံနက်ပိုင်း ၈ နာရီက ဖွင့်လှစ်လိုက်သည်။

လက်ရှိအခြေအနေတွင် Border pass system မရှိသေးသည့်အတွက် နားလည်မှုဖြင့် ဝင်ထွက်သွားလာနေကြပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ သဘောတူလက်မှတ်ရေးထိုးထားသော “Agreement on Land Border Crossing with Myanmar” ကို စတင်အကောင်ထည်ဖော်ဆောင်သည့်အနေဖြင့် ယခုလို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိန္ဒိယ-မြန်မာ Border pass ဖွင့်လှစ်ပွဲကို တစ်ဖက်နိုင်ငံဖြစ်သည့် မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင် ဇိုးခေါထားကျေးရွာတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ချင်းပြည်နယ်ဝန်ကြီးချုပ်ကို မီဇိုရမ်ပြည်နယ် Commerce & Industries ဝန်ကြီး H.Rohluna က ကြိုဆိုခဲ့ ကြောင်း သိရသည်။

ယခုလို အိန္ဒိယ-မြန်မာနယ်စပ် border pass ဖွင့်လှစ်ပွဲကို အမှတ် (၁) နှင့် အမှတ် (၂) ကုန်သွယ်ရေးဂိတ်ဖြစ်သော တမှုးနဲ့ ရိခေါဒါရ်မြို့တွင် တပြိုင်နက် ကျင်းပခဲ့ခြင်းဖြစ်သည်။

“လက်ရှိမှာ border pass system မရှိသေးဘူး နားလည်မှုနဲ့ပဲ လူဝင် လူထွက် လုပ်နေတာဖြစ်တယ်။ အခု border pass စနစ်မှာ ကပ်ပြားထုတ်ပေးမှာဖြစ်တယ်။ Border pass (BP) ဆိုရင် ၁၇ ရက် ၁၆ ညအိပ်၊ Temporary border pass (TBP) ဆိုရင် ၇ ရက် ၆ ညအိပ်နဲ့ တစ်ဖက်နိုင်ငံသားတွေ တရားဝင်နဲ့ လာလည်လို့ရတော့မှာဖြစ်သလို e-visa နဲ့လည်းရတော့မှာဖြစ်တယ်လို့” ရိခေါဒါရ်မြို့ ပြန်ကြားရေးဦးစီးမှူး ဦးလာလ်ပက်လောမ်မာ က ပြောသည်။

အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေးတံတားမှတဆင့် ဝင်ထွက်သွားလာသူများအနေဖြင့် အိန္ဒိယ-မြန်မာ-နိုင်ငံခြား ပါစပို့ နှင့် ဗီဇာ အမှန်ကန်ရှိတဲ့သူများသာလျင် ဝင်ထွက်သွားလာခွင့်ရှိသည့် International Point အဖြစ် ထားရှိရန် ရည်ရွယ်လျက်ရှိကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...