မြန်မာအစိုးရတပ် နှင့် KIO တရုတ်ပြည် Dali ဆွေးနွေးပွဲ ရလဒ် မကောင်း

မြန်မာအစိုးရတပ် နှင့် KIO တရုတ်ပြည် Dali ဆွေးနွေးပွဲ ရလဒ် မကောင်း

မြန်မာအစိုးရတပ် နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှစ်ဖက်ကိုယ်စားလှယ်များ အပစ်ခတ်ရပ်စဲရေးကိစ္စ တရုတ်နိုင်ငံ Dali မြို့တွင် သြဂုတ် (၅)ရက်နေ့ ဒုတိယအကြိမ် တွေ့ဆုံခဲ့စဉ် ရလဒ် ထပ်မံ မကောင်းကြောင်း သတင်းများထွက်လာသည်။

တပ်မတော် က ‘စစ်ရှိန်လျှော့ချရေး နှင့် အပစ်ခတ်ရပ်စဲရေး ကိစ္စ’ မဆွေးနွေးမီ ၎င်းတို့ တင်ပြချက်ကို အရင် လက်ခံရမည် ဟု အကြပ်ကိုင်ခြင်းပေါ် KIO လက်မခံပဲ အစည်းအဝေး ပျက်ရသည်ဟု သိရသည်။



တပ်မတော် တင်ပြချက်သည် “ခွဲမထွက်ရ၊ ပါတီစုံ ဒီမိုကရေစီစနစ် လမ်းစဉ်နှင့် ဒို့တာဝန် အရေး (၃)ပါး” စသည့် အချက် (၃)ချက်ကို KIO လက်ခံရန် တင်ပြခဲ့ကြောင်း ကချင်သတင်းဌာန KNG စုံစမ်းသိရသည်။ 



တွေ့ဆုံပွဲသို့ တပ်မတော် ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်ပြီး KIO ကိုယ်စားလှယ်အဖွဲ့ကို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကိုယ်တိုင် ဦးဆောင်ခဲ့သည်။



ယခု Dali တွေ့ဆုံပွဲကိစ္စ တပ်မတော် နှင့် KIO နှစ်ဖက်လုံး တရားဝင်ထုတ်ပြန်ချက် နှင့် သတင်းဖော်ခြင်း မရှိသေးပါ။



အထက်က တပ်မတော် နှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့သည် ဖေဖေါ်ဝါရီ (၁)ရက်နေ့က ပထမ အကြိမ် Dali မြို့တွင် တွေ့ဆုံခဲ့သော်လည်း ၎င်းဆွေးနွေးပွဲတွင် KIO တင်ပြချက်ကို တပ်မတော် လက်မခံသောကြောင့် အစည်းအဝေး ပျက်ခဲ့ရသည်။



ယင်းနောက် ဇူလိုင် (၂၀)ရက်နေ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် (MPC) အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇူလိုင် (၂၀)ရက်နေ့ အလွတ်သဘော တွေ့ဆုံခဲ့ပြီး ယခု ဒုတိယ အကြိမ် Dali တွေ့ဆုံပွဲ ဖြစ်လာသည်။



တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး NCA စာချုပ် ကို လက်မခံသော မြန်မာပြည် မြောက်ပိုင်းမဟာမိတ် (Northern Alliance) အဖွဲ့ဝင် KIO သည် ၁၉၉၄ နှင့် ၂၀၁၃ တပ်မတော်နှင့်ချုပ်ဆိုခဲ့သော စာချုပ်များကို အခြေခံပြီး နှစ်ဖက် အပစ်ခတ်ရပ်စဲရေးကိစ္စ ဆွေးနွေးရန် ကြိုးပမ်းနေပါသည်။



သို့သော် ယခုလို အပစ်ခတ်ရပ်စဲရေး ဆွေးနွေးခြင်း မအောင်မြင်သောကြောင့် မြန်မာအစိုးရတပ်က ကချင်ပြည်နယ်တွင် ထိုးစစ် ပြန်လည် ဆင်နွှဲနိုင်ကြောင်းကို ကချင် စစ်ရေးသုံးသပ်သူများ ပြောဆိုနေပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...