မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ မွန်တစ်ပါတီဖြစ်ရေး အချက် ၅ ချက်သဘောတူညီမှုရရှိ

မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြု ၂၁ ဦးအဖွဲ့ မွန်တစ်ပါတီဖြစ်ရေး အချက် ၅ ချက်သဘောတူညီမှုရရှိ
မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့ သတင်းစာရှင်းလင်းပွဲ(photo/Facebook)
မွန်နှစ်ပါတီနှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့ သတင်းစာရှင်းလင်းပွဲ(photo/Facebook)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP-မွန်အမျိုးသားပါတီ MNP နှစ်ပါတီတို့၏ Mon Unity Community-MUC နှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့တို့၏ မွန်တစ်ပါတီဖြစ်မြောက်ရေးဆွေးနွေးပွဲမှ အချက် ၅ ချက်ကို သဘောတူညီမှုရရှိခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ကြေညာ

မော်လမြိုင်မြို့၊ တော်ဝင်ဟင်္သာဟိုတယ်၌ ယမန်နေ့ (သြဂုတ်လ ၆ ရက်နေ့) မွန်းလွဲပိုင်းတွင် ကျင်းပသော အဆိုပါ မွန်တစ်ပါတီဖြစ်မြောက်ရေး ဆွေးနွေးပွဲအပြီး MUC ခေါင်းဆောင် နိုင်ကျန်ရစ်နှင့် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့ ခေါင်းဆောင် နိုင်တလညီတို့ သဘောတူလက်မှတ်ရေးထိုး၍ သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

နိုင်ကျန်ရစ်က “ All Inclusive အားလုံးပါဝင်ရေး ခေါင်းစဉ်အောက်မှာ ရာမညအင်အားစုပဲပြောပြော မွန်ကိုယ်စားပြု ၂၁ ဦးပဲဆိုဆို ကျနော်တို့ MUC ၅ ဦးနဲ့ဆွေးနွေးတဲ့နေရာမှာ ရာခိုင်နှုန်းအားဖြင့် ၉၉% လောက် သဘောတူရရှိခဲ့တယ်လို့ ပြောလို့ရတယ်၊ မွန်လူထုအားလုံးလိုလားနေတဲ့ မွန်တစ်ပါတီဖြစ်ရေးရည်မှန်းချက် အောင်မြင်တယ်လို့ ယူဆတယ်” ဟု ဆိုသည်။

ပေါင်းစည်းမှုနှင့် မွန်တစ်ပါတီဖြစ်မြောက်ရေး၊ အဆင့်အလိုက်ပါဝင်မှုအရေအတွက်၊ ပါတီအမည် ၁၃ ခုထဲမှ ၁ ခုကိုရွေးချယ်အတည်ပြုရန်၊ မွန်တစ်ပါတီဖြစ်မြောက်မှုတွင် ကျန်အင်အားစုများပါဝင်လာရေးနှင့် ကျန်အချက်အလက်များကို ဆက်လက်ဆွေးနွေးသွားရန် စသည့် အချက် ၅ ချက်သဘောတူမှုရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အတူ ယနေ့ရရှိခဲ့သော အထက်ပါသဘောတူညီချက်များအရ မွန်ကိုယ်စားပြုပါတီ ၂၁ ဦး အဖွဲ့အနေဖြင့် နိုင်ငံရေးပါတီ မှတ်ပုံတင်တော့မည် မဟုတ်ကြောင်း အဖွဲ့ခေါင်းဆောင် နိုင်တလညီက ယနေ့သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့မှ ဆွေးနွေးပွဲတက်ရောက်သူ နိုင်ရဲဇော်က “လုံးဝဥဿုံအားလုံးသဘောတူတာ မဟုတ်ပေမယ့်လည်း Dialogue တစ်ခုအနေနဲ့ကြည့်ရင် အောင်မြင်တယ်လို့ ဆိုရမှာပါ၊ ဒါပေမယ့် အပြီးသပ်ဆွေးနွေးချက်အထိတော့ မရသေးဘူးပေါ့၊ ကျနော်တို့ဘက်က တောင်းဆိုတဲ့အချိန်ကန့်သတ်ချက်နဲ့ ပတ်သက်တဲ့အချို့တွေ အပြတ်မရသေးဘူး” ဟု ဆိုသည်။    

ဖြစ်ပေါ်လာမည့် ပါတီသစ်ကို ၂ လအတွင်း မှတ်ပုံတင်ရန် မွန်ကိုယ်စားပြုပါတီ ၂၁ ဦးအဖွဲ့မှ အဆိုပြုထားသော်လည်း မပြီးပြတ်သေးသည့် ကျန်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် နှစ်ဖက်အချိန်မရွေးဆက်သွယ်နိုင်ကြောင်း ပြောကြားမှုများရှိခဲ့သည်ဟု သိရသည်။

အလားတူ AMDP နှင့် MNP တို့ လက်ရှိနှစ်ပါတီပေါင်းစည်းရေး အပြီးသတ်ဆောင်ရွက်နေချိန်တွင် ကျန်ရှိသည့်အင်အားစုအားလုံး တပြိုင်တည်းပါဝင်ပေါင်းစည်းလာရေးအတွက် အချိန်မဆွဲဘဲ သက်ဆိုင်ရာပါတီခေါင်းဆောင်များ အမြန်ဆုံးဆောင်ရွက်ပေးသင့်ကြောင်း မကြာသေးခင်က မွန်ပြည်သစ်ပါတီ ဒုဥက္ကဌနိုင်ဟံသာ တိုက်တွန်းပြောကြားခဲ့သည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...