စစ်ရှောင်အရေး ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု အရပ်သား သက်သေအား စစ်ဆေး

စစ်ရှောင်အရေး ဆန္ဒပြ ခေါင်းဆောင် (၃)ဦး အမှု အရပ်သား သက်သေအား စစ်ဆေး

တပ်မတော်ကို အသရေဖျက်မှုဖြင့် တရားစွပ်စွဲခံထားရသော တိုက်ပွဲအတွင်း ပိတ်မိပြည်သူများ လွတ်မြောက်ရန် ကချင်လူငယ် ဆန္ဒပြပွဲ ဦးဆောင်သူ (၃)ဦး အမှုကို ယနေ့ ဇူလိုင်လ (၆)ရက်နေ့ ရုံးချိန်းတွင် တရားလို အရပ်သား သက်သေအား စစ်ဆေးခဲ့ ပါသည်။

တရားလို သက်သေ အမှတ်စဉ် (၄) ဦး သိန်းဝင်းလတ် ဆိုသူကို အရပ်သား သက်သေ အဖြစ် မြစ်ကြီးနားမြို့နယ် တရားရုံးတွင် စစ်ဆေးခဲ့သည်။

တရားလို သက်သေအား စစ်ဆေးခဲ့ရာတွင် သူသည် ယခု တရားစွပ်စွဲ ခံထားရသူ (၃)ဦး ကို အပြင်တွင် တစ်ခါ မှ မတွေ့ဖူးကြောင်း နှင့် ၎င်းတို့ အကြောင်းလည်း သိရှိမှု မရှိကြောင်းကို ထွက်ဆိုခဲ့သည်ဟု တရားခံများ၏ ရှေ့နေ ဦး မုန်ဆိုင်းတူး က ပြောသည်။

“ဒုတိယ ဗိုလ်မှုးကြီး မျိုးမင်းဦး တရားစွဲထား တာကို ဘယ်လို တိုင်တန်းထားလဲ ဆိုတာကိုလည်း သူ မသိဘူးတဲ့၊ သူ့ကို သက်သေမှာ ထည့်ထားတဲ့ အတွက် လာခဲ့တယ်တဲ့။”

သက်သေသည် ၎င်းအဖြစ်အပျက် အကြောင်းအရာများအား လက်ဖက်ရည်ဆိုင်တွင် Facebook ပေါ်၌ သာ တွေ့ဖူးပြီး အသေးစိတ် သိရှိမှု မရှိကြောင်းကို ထွက်ဆို ခဲ့သည်ဟု ပြောပြသည်။

ဆက်လက်စစ်ဆေးရန် ရုံးချိန်းကို ဇူလိုင်လ (၁၆)ရက်နေ့ သို့ ထပ်မံ ချိန်းဆိုထားပြီး ထိုနေ့တွင် နောက်ဆုံးသက်သေ တစ်ဦးအား စစ်ဆေးသွားမည် ဖြစ်သည်။

ကချင်ပြည်နယ် တိုက်ပွဲနယ်မြေအတွင်း တပ်မတော်မှ တားဆီးထားသော စစ်ရှောင်များကို လွှတ်ပေးရန် ဧပြီလ (၃၀) မှ မေလ (၈)ရက်ထိ ပြုလုပ်ခဲ့သည့် မြစ်ကြီးနား ကချင်လူငယ် ဆန္ဒပြပွဲ ခေါင်းဆောင်သူ ဦး လွမ်းဇောင်း၊ ဦးဇော်ဂျတ် နှင့် ဒေါ် နန်ပူ တို့ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) မှ တပ်မတော် အသရေဖျက်မှုဖြင့် တရားစွဲထားခြင်းဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...