ရိခေါဒါရ်မြို့တွင် ယမ်းတောင့် သုံးသောင်း ဖမ်းဆီးရမိ

ရိခေါဒါရ်မြို့တွင် ယမ်းတောင့် သုံးသောင်း ဖမ်းဆီးရမိ
(ဓာတ်ပုံ- ရိ ပြန်/ဆက်)
(ဓာတ်ပုံ- ရိ ပြန်/ဆက်)

ချင်းပြည်နယ် ရိခေါဒါရ်မြို့အဝင်ဆိုင်းဘုတ်အနီး ရိ-ဖလမ်း ကားလမ်းမတွင် ဆိုင်ကယ်နှစ်စီးအား ရိခေါဒါရ်မြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့များက စစ်ဆေးရှာဖွေခဲ့ရာ ဒီတိုနေတာယမ်းတောင့် သုံးသောင်းကို သြဂုတ်လ ၄ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ ယမ်းတောင့်များသယ်ဆောင်လာသူများမှာ ရိခေါဒါရ်မြို့ အမှတ် (၂) ရပ်ကွက်တွင်နေထိုင်ကြသူများဖြစ်သော အဘ ဦးကျွမ်းထွမ်းမာ၏သား မောင်လားအဲဗဲလာ (အသက် ၃၀ နှစ်) နှင့် အဘ ဦးရိုကင်းမာ၏သား မောင်လားမားလ်ဆောမ်မာ (အသက် ၂၇ နှစ်) တို့ဖြစ်ပြီး ၁၂၅ ဆိုင်ကယ်ဖြင့် ၄င်း ယမ်းတောင့်များကို သယ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း ရိခေါဒါရ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook စာမျက်နှာတွင် ရေးသားဖော်ပြသည်။

ဒီတိုနေတာယမ်းတောင့်များနှင့်အတူဖမ်းဆီးရမိသည့် မောင်လားအဲဗဲလာနှင့် မောင်လားမားလ်ဆောမ်မာတို့နှစ်ဦးအား ဒုရဲအုပ် တင်ထွန်းနောင်မှ တရားလို ပြုလုပ်တိုင်တန်းပြီး ရိခေါဒါရ်နယ်မြေရဲစခန်းမှ (ပ) ၄ /၂၀၁၈၊ ပေါက်ကွဲ - ၅ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...