မိုးကောင်းတွင် မိုးသည်းထန်စွာရွာပြီးနောက် ရေတိုက်စားမှု ၂ နေရာဖြစ်ပွား

မိုးကောင်းတွင် မိုးသည်းထန်စွာရွာပြီးနောက် ရေတိုက်စားမှု ၂ နေရာဖြစ်ပွား
by -
သန်းလွင်ဦး

 မိုးကောင်းမြို့နယ်၌ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် အောက်ရေရှင် ကျောက်ချော လမ်းရေတိုက်စားခြင်းနှင့် မြစ်ကြီးနား- တနိုင်းလမ်းလီဒိုလမ်းမ၌   ရေဖမ်းမြောင်း မြေသားများ လမ်းမပေါ်သို့ပြိုကျ ဖြစ်စဉ် ၂ ခုဖြစ်ပွားကြောင်း သိရသည်။

မြို့နယ်မိုးဇလ၏ ယမန်နေ့ (သြဂုတ် ၅ ရက်နေ့) မနက်(၉)နာရီထိ မိုးချိန်တိုင်းထွာချက်အရ ၃ ဒဿမ ၁၅ လက်မ ဟု သိရှိရပြီး မိုးသည်းထန်မှုကြောင့် နွယ်နီချောင်းမှ ရေလျှံမှုဖြစ်ကာ အောက်ရေရှင် ရွာချင်းဆက်ကျောက်ချောလမ်းကို အရှည်ပေ ၂၀၊ အနက် ၅ ပေခန့် ရေတိုက်စားပျက်စီးခဲ့သည်။

အလားတူ လွယ်လီယံကျေးရွာ ဒေသအခေါ် မရမ်ကထောင်ကျေးရွာ မြစ်ကြီးနား-တနိုင်းလီဒိုလမ်းမ၌ ကီလိုမီတာ ၁၄နှင့်၁၅ ကြားအကွာရှိ မကောက်စွပ်တောင် ကြားရေဖမ်းမြောင်း( catch drain)  မြေသားများ မိုးသည်းထန်မှုကြောင့် ပေ ၇၀ ခန့်ပြိုကျနေကြောင်း သိရပြီး ယင်းဖြစ်စဉ် ကြောင့် ယာဉ်ပိတ်ဆို့မှု မရှိကြောင်း သိရသည်။

ကျောက်ချောလမ်းကို မနောမြင့်မိုရ်ကုမ္ပဏီမှ ပြန်လည်ပြုပြင်နိုင်ရေးနှင့် ပြိုကျနေသော မြေသားများ ရှင်းလင်းရေးကို လမ်းဦးစီးဌာနမှ BOT စနစ်ဖြင့် တာဝန်ယူတည်ဆောက်ခဲ့သော   မြောက်ပိုင်းတော်ဝင်ကုမ္ပဏီသို့ အမြန်ပြုပြင်ဆောင်ရွက်နိုင်ရေး ဆက်သွယ်ထားကြောင်း သိရသည်။

အဆိုပါ ၂ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဝင်းမြင့်အောင်နှင့်တပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ခမရ(၃၈၁)မှ တပ်ရင်းမှူးနှင့် တပ်ဖွဲ့ဝင်များနှင့် ဒေသခံတာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...