ဟားခါး GTI မြေပေါ်တွင် ပြည်နယ်တရားလွှတ်တော် အဆောက်အဦး ဆောက်လုပ်ရန် ပြင်ဆင်နေမှုမှာ အစိုးရပိုင်းမှ ဖိအားပေးမှုကြောင့် ပေးလိုက်ရသည်ဟု ကျောင်းအုပ်ကြီးပြော

ဟားခါး GTI မြေပေါ်တွင် ပြည်နယ်တရားလွှတ်တော် အဆောက်အဦး ဆောက်လုပ်ရန် ပြင်ဆင်နေမှုမှာ အစိုးရပိုင်းမှ ဖိအားပေးမှုကြောင့် ပေးလိုက်ရသည်ဟု ကျောင်းအုပ်ကြီးပြော
by -
Salai Khup Khup
(Photo: GT-Hakha/Facebook)
(Photo: GT-Hakha/Facebook)

ချင်းပြည်နယ်၊ဟားခါးမြို့တွင်တည်ရှိသော အစိုးရစက်မှုလက်မှု သိပ္ပံံ (GTI) မြေပေါ်တွင် ချင်းပြည်နယ်တရားလွှတ်တော် အဆောက်အဦး ဆောက်လုပ်ရန်ပြင်ဆင်နေမှုမှာ အစိုးရပိုင်းမှ ဖိအားပေးမှုကြောင့် မပေးချင်သော်လည်း ပေးလိုက်ရသည်ဟု ကျောင်းအုပ်ကြီး ဒေါတ်တာဆလိုင်းတလွန်ဇထန်းကပြောသည်။

ကျောင်းအုပ်ကြီးဒေါတ်တာဆလိုင်းတလွန်ဇထန်းက “ကျွန်တော်ကအဲ့ဒီနေရာပေးလိုက်မယ်ဆိုရင် ကျောင်းဆောင်သစ်တည်ဆောက်လုပ်ဖို့တွေရှိတယ် ကျွန်တော်ကလည်းမပေးချင်ဘူး သူတို့အတွက်လည်းကျဉ်းကျပ်တယ်လေ ဒုသမ္မတရော ဝန်ကြီးချုပ်ကရော ခဏဏပြောတဲ့ ခါကြတော့ အစိုးရကလုပ်ပိုင်ခွင့်ပိုရှိတော့ ကျွန်တော်ကလည်း သိပ်ပြီးမခုခံနိုင်ဘူး၊ သူတို့ အနေထားလည်းကျွန်တော်တို့သိပါတယ် မြေလိုအပ်မှန်းကို ဒါပေမဲ့ ကျွန်တော်တို့ ကျောင်းရဲ့ရေရှည်ဖွံ့ဖြိုးရေးအတွက်ကို အမြင်ကျယ်ကျယ်နဲ့ စဉ်းစားပြီးတော့ တခြားလွက်တဲ့နေရာမှာ ကျယ်ကျယ်ဝန်းဝန်းခန်းခန်းနားနားနဲ့ သီးသီးသန့်သန့်လေး တည်ဆောက်စေခြင်တယ်”ဟုပြောသည်။

ယခုလက်ရှိ ဟားခါး အစိုးရစက်မှုလက်မှု သိပ္ပံ (GTI) ကျောင်းတွင် ကျောင်းသားကျောင်းသူ ငါးရာကျော်ခန့်ရှိပြီး နောက်ပညာသင်နှစ်တွင် ခုနှစ်ရာ ရှစ်ရာခန့် တက်ရောက်မည်ဖြစ်သဖြင့် အဆိုပါကျောင်းသား/သူ ဦးရေအတွက် ဆိုင်ကယ်နှင့် ကားများ ရပ်နားရန် လုပ်လောက်မှုရှိနိုင်မည် မဟုတ်ကြောင်း သိရသည်။

အဆိုပါကိစ္စနဲ ့ပက်သက်ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (ဟားခါး)ကျောင်းသားများမှ ဇွန်လိုင် ၃၀ ရက်နေ့ က အစိုးရကို သဘောထားကြေငြာချက် ထုတ်ပြန်ခဲ ့ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် ချင်းပြည်နယ် တရားလွှတ်တော်ရုံးသာ တည်ဆောက်ခဲ့ပါက ဆောက်လုပ်ရန် ခွင့်ပြုချက်ရပြီးသော စာသင်ဆောင်နှင့် အလုပ်ရုံအတွက် အဝင်လမ်းရှိမည်မဟုတ်၊ အဆိုပါနေရာမှာ ဘွဲ့နှင်းသဘင်ခန်းမ ပါဝင်သော နှစ်ထပ်စာသင်ဆောင် တည်ဆောက်ရန် အတွက် ရည်ရွယ်ထားသော နေရာဖြစ်ကြောင်း စသည်တို့ပါဝင်သည်။

ဟားခါး အစိုးရစက်မှုလက်မှု သိပ္ပံ (GTI) ကျောင်းကို ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြေနေရာအတွက် မြေဧရိယာ (၃.၅၁) ကို ပုံစံတစ်ရာ့ငါးတစ်ရာခြောက်ဖြင့်ရေးဆွဲခွင့်ပြုခဲပြီး ယခုကျောင်းသူကျောင်း သားငါးရာကျော်ခန့် ပညာသင်ကြားပေးလျှက်ရှိပြီး ကျောင်းဆောင်သစ်များ လည်းတည်ဆောက်လျှက်ရှိသည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...