ကလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာသူများကို ထိထိရောက်ရောက်အရေးယူတော့မည်

ကလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာသူများကို ထိထိရောက်ရောက်အရေးယူတော့မည်

ကလေးမြို့တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာသူများကို သြဂုတ်လ ၆ ရက်နေ့မှ စတင်၍ ထိထိရောက်ရောက် အရေးယူတော့မည်ဟု သိရသည်။

ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာရေးနှင့်ပတ်သက်၍ ယာဉ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်၊ ဦးထုတ်မဆောင်းသူ၊ဦးထုတ်ဆောင်ပြီးမေးသိုင်းကြိုးတပ်ခြင်းမရှိသူ၊ နှစ်ယောက်ထက်ပို၍စီးနင်းခြင်းများ စစ်ဆေးမှုကို သြဂုတ်လ ၃ ရက်မှ ၅ ရက်နေ့အထိ ပညာပေးကာလအဖြစ်သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကာ သြဂုတ်လ ၆ ရက်နေ့မှစတင်ပြီး ယာဉ်စည်းကမ်းလမ်းစည်းကမ်း လေးစား လိုက်နာမှုမရှိသူများအား ထိထိရောက်ရောက်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်းလမ်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။

ကလေးမြို့နယ်အတွင်း ယာဉ်အန္တရာယ်ကင်းရှင်းလျော့နည်းလာစေရေးအတွက် မြို့ပေါ် ၁၉ ရပ်ကွက်ရှိ တစ်ရပ်ကွက်လျှင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီအသင်း၊ ရာအိမ်မှူးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့ပါဝင်သောအဖွဲ့ နှစ်ဖွဲ့စီဖြင့် ၃၈ ဖွဲ့ကိုဖွဲ့စည်းကာ အင်အားသုံး၍ လမ်းမကြီးများတွင်သာမက လမ်းကြိုလမ်းကြားများပါ တစ်ပြိုင်တည်းစစ်ဆေးသွားမည်ဟု သိရသည်။

Most read this week

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...