ကရင်ပြည်နယ်၌ ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်တိုး

ကရင်ပြည်နယ်၌ ရေဘေးကယ်ဆယ်ရေးစခန်းများ ထပ်တိုး
by -
ဇေယျာမော်
ကရင်ပြည်နယ် ရေကြီးမှုအခြေအနေများကို မြင်တွေ့ရစဉ် ။ Photo- EPA
ကရင်ပြည်နယ် ရေကြီးမှုအခြေအနေများကို မြင်တွေ့ရစဉ် ။ Photo- EPA

 ရေအနည်းငယ် ကျဆင်းလာနေပြီ ဖြစ်သော်လည်း ရေဘေးဒုက္ခသည်များ ထပ်တိုးလာသောကြောင့် ကရင်ပြည်နယ် အတွင်း၌ ကယ်ဆယ်ရေးစခန်းများအား ထပ်တိုးဖွင့်လှစ် ထားရသည်ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းကဆိုသည်။

“စခန်းတွေထပ်တိုးလာတာကလည်း လူတွေများလာတာကိုး။ လူတွေများလာတော့ ဒီလူတွေကို ချွေးတပ်စခန်းလို အတင်းပိတ်သိပ်ထည့်ထားလို့မရဘူးလေ။ လူများတော့ စခန်းတွေထပ်ချဲ့တာပေါ့။ ကျန်းမာရေးနဲ့ ညီညွတ်အောင် ထားတာပေါ့” ဟု ဦးမင်းတင်ဝင်းကဆိုသည်။

ကရင်ပြည်နယ်ရှိ ရေဘေးကယ်ဆယ်ရေးစခန်းများတွင် ယခင်ကမြို့ပေါ်ရှိ ရေဘေးဒုက္ခသည်များသာ ခိုလှုံခဲ့သော်လည်း ရေကျချိန်တွင် ကရင်ပြည်နယ်အတွင်းရှိ နယ်အစွန် မြို့အစွန်များမှ ရေဘေးသင့်ပြည်သူများပါ ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိလာသောကြောင့် ကယ်ဆယ်ရေးစခန်းများ ထပ်မံတိုးချဲ့လာရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လှိုင်းဘွဲမြို့နယ်၌ ကယ်ဆယ်ရေးစခန်း ၂၉ ခု ၊ ကော့ကရိတ်မြို့နယ်၌ ၄ခု ၊မြဝတီမြို့နယ်၌ ၂ ခု ၊ ဖာပွန်မြို့နယ်၌ ၁၁ ခု ၊ဘားအံမြို့နယ်၌ ၁၉ ခု အပါအဝင် စုစုပေါင်း ကရင်ပြည်နယ်အတွင်း၌ ရေဘေးကယ်ဆယ်ရေး စခန်းပေါင်း ၆၅ခု ဖွင့်လှစ်ထားပြီး ရေဘေးဒုက္ခသည်ပေါင်း နှစ်သောင်းကျော်ရှိနေကြောင်း သိရသည်။

ကယ်ဆယ်ရေးစခန်းများတွင်နေထိုင်မည့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ၊ လုံခြုံရေးများ ထားပေးနေပြီး စခန်းများ၌ထိုက်သင့်သည့်လူဦးရေသာ ထားရှိကြောင်း လူများထပ်တိုးလာလျှင် စခန်းများအား ထပ်တိုးချဲ့ပြီး ဖွင့်လှစ် ပေးနေသည်ဟု ၄င်းကဆိုသည်။

“ဘားအံမှာ ရေတော့ကျနေတယ်။ငါးလက်မ ခြောက်လက်မလောက် ကျနေတာပေါ့။ ကျတယ်ဆိုတာကလည်း ဇလဗေဒမှတ်တိုင်မှာပဲကျနေတာ။ဒါပေမယ့် လူတွေရဲ့ မျက်မြင်မှာတော့ ရေမကျသေးဘူးဆိုတဲ့သဘောဖြစ်နေတယ်” ဟု ဦးမင်းတင်ဝင်းကဆိုသည်။

ဇူလိုင် ၂၅ရက်နေ့မှ စတင်ပြီး ရေဘေးဒုက္ခ ခံစားနေရသည့် ကရင်ပြည်နယ်အတွင်း၌ စာသင်ကျောင်း အများစုအား ပိတ်ထားရပြီး လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်သေးခြင်းမရှိပေ။

လက်ရှိအချိန်တွင် နောက်ဆုံးရသည့်စာရင်းများအရ မိုးရွာသွန်းမှုနှင့် မြစ်ရေကြီးမှုများကြောင့် မြန်မာနိုင်ငံရှိနေရာ အနှံ့အပြားတွင် လူ တစ်သိန်းသုံးသောင်းကျော် ရေဘေးရှောင်နေရပြီး သေဆုံးသူ ၁၁ ဦးအထိရှိလာနေပြီဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...