နိုင်ငံခြားနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်ငါးထောင်ကျော် ဖန်တီးပေးမည်

နိုင်ငံခြားနှင့်နိုင်ငံသားရင်းနှီးမြှုပ်နှံမှုမှ အလုပ်အကိုင်ငါးထောင်ကျော် ဖန်တီးပေးမည်
by -
မျိုးပြည့်သင်း

 မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုများမှ လုပ်သား ၅၅၈၆ ဦးကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) ၏ အစည်းအဝေးအမှတ်စဉ် (၁၀/၂၀၁၈) မှ သိရသည်။

ဇူလိုင်လ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့အတွင်း နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုတွင် လုပ်ငန်း ၉ ခု နှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၅ ခုကို ခွင့်ပြုပေးခဲ့ပြီး ၄င်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သား စုစုပေါင်း ငါးထောင်ကျော်အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အဆိုပြုလုပ်ငန်း ၄ ခု ကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ ခွင့်ပြုခဲ့ပြီး အတည်ပြုလုပ်ငန်း ၅ ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (YRIC) မှ ခွင့်ပြုထားခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် တရုတ်နိုင်ငံမှ လုပ်ငန်း ၄ခု၊ ကိုရီးယားနိုင်ငံ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်နိုင်ငံအသီးသီးမှ လုပ်ငန်း ၁ ခုစီ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁၇ ဒဿမ ၀၃၄ သန်းအား ရင်းနှီးမြှုပ်နှံထားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉ ခုတွင် စက်မှုကဏ္ဍ၌ ၅ ခု၊ မွေးမြုရေးနှင့်ရေလုပ်ငန်းကဏ္ဍ၌ ၁ ခု၊ အိမ်ယာအဆောက်အဦကဏ္ဍ၌ ၁ ခု၊ စက်မှုဇုန်တွင် ၁ ခု၊ အခြားကဏ္ဍမှ ၁ ခု ပါဝင်နေသည်။ ၄င်းလုပ်ငန်းများမှ ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂၃၇ ဦး ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအတွက် လုပ်ငန်း ၁၅ခုကို ခွင့်ပြုရာတွင် အဆိုပြုလုပ်ငန်း ၂ ခု ကို MIC မှ ခွင့်ပြုပေးခဲ့ပြီး၊ အတည်ပြုလုပ်ငန်း ၂ ခုမှ ၁ ခုကို ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ လည်းကောင်း  လုပ်ငန်း ၃ ခုကို မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှလည်းကောင်း  လုပ်ငန်း ၂ ခုကို စစ်ကိုင်းတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှလည်းကောင်း လုပ်ငန်း ၂ ခုကို ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီကလည်းကောင်း လုပ်ငန်း ၃ ခုကို ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့က ခွင့်ပြုပေးခဲ့သည်။

ခွင့်ပြု/အတည်ပြုလုပ်ငန်းများတွင် စက်မှုကဏ္ဍ၌ ၃ ခု၊ မွေးမြုရေးနှင့်ရေလုပ်ငန်းကဏ္ဍ၌ ၄ ခု၊ ဟိုတယ်ကဏ္ဍတွင် ၄ ခု၊ လယ်ယာကဏ္ဍ၌ ၁ ခု နှင့် အခြားကဏ္ဍတွင် ၄ ခု တို့ပါဝင်မည်ဖြစ်သည်။ ယင်းလုပ်ငန်းများတွင် ရင်းနှီးမြှုုပ်နှံမှုပမာဏ ကျပ် ၈၂၅၉၈ ဒဿမ ၆၉၀ သန်း နှင့် ကန်ဒေါ်လာ ၃၂ ဒဿမ ၁၆၈ သန်း ထည့်ဝင်ထားပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၁၃၄၉ ဦးကို ဖန်တီးပေး နိုင်မည်ဖြစ်သည်။

၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၀၀၀ ဒဿမ ၈၆၁ သန်း ခွင့်ပြုထားခဲ့ပြီး မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁၆၈ ဒဿမ ၄၄၈ သန်း နှင့် ကျပ် ၈၁၃၁၈၃ ဒဿမ ၈၁၉ သန်း ခွင့်ပြုထားသည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...