Published
Wednesday, August 01, 2018
ရိုက်နက်ဖမ်းဆီးခံ ၀ိုင်းမော် KBC လူငယ် တာဝန်ခံ ကို နယ်ခြားစောင့်တပ် ပြန်လွှတ်ပေး
ဆဒုံဒေသ နယ်ခြားစောင့်တပ်ဖွဲ့ (BGF) စစ်သားများ ရိုက်နက်ဖမ်းဆီး ခေါ်ဆောင်သွားသော ဝိုင်းမော်မြို့နယ် KBC ကချင်နှစ်ခြင်းခရစ်ယာန် အသင်းတော် လူငယ်တာဝန်ခံ ဓမ္မဆရာ Mading Zaidan Bawm Ying ကို အာမခံ ဖြင့် ယနေ့ သြဂုတ် (၁)ရက်မှာ ပြန်လွှတ်ပေးပြီ ဖြစ်ကြောင်း မိသားစုမှ သိရသည်။
ရိုက်နက် ခံရသည့် ဒဏ်ရာများကြောင့် ဓမ္မဆရာ Zaidan Bawm Ying အား မြစ်ကြီးနားမြို့ တွင် ဆေးကုသမှု ခံယူမည်ဖြစ်သည်။
ယခုလို လွတ်မြောက်လာသည့်အတွက် အလွန်ပင် ဝမ်းမြောက် ရကြေား ဇနီးသည်က ကချင်သတင်းဌာန KNG ကို ပြောပါသည်။







