အလုပ်သမားမရှိမှုကြောင့် ကုလာတန်လမ်းဖောက်လုပ်ရေး ယာယီရပ်နားထား

အလုပ်သမားမရှိမှုကြောင့် ကုလာတန်လမ်းဖောက်လုပ်ရေး ယာယီရပ်နားထား

Kaladan Multi Modal Transit Transport Project စီမံကိန်းအောက်တွင်ရှိသော မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ်မှ တဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ဆက်သွယ်ပေးမည့် လမ်းမကြီးဖောက်လုပ်ရာတွင် တံတား ၈ ခု ခင်းကျင်းရမည်ဖြစ်သော်လည်း အလုပ်သမား မရှိသည့်အတွက် ယာယီရပ်နားထားရကြောင်း သိရသည်။

၈၇ ကီလိုမီတာရှည်လျားသော အဆိုပါ ကုလာတန်ဖက်စုံသုံးစီမံကိန်းလမ်းကြောင်းတွင် Major Bridge ခေါ် အကြီးစားတံတား ၃ ခု နှင့် Minor bridge ခေါ် အသေးစားတံတား ၅ ခု ရှိပြီး ၄င်းတံတားများခင်းကျင်းရေးလုပ်ငန်းကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် IIT Guwahati က သေချာစစ်ဆေးမှုပြုလုပ်ခဲ့ပြီးနောက် အကြီးစားတံတားကို စတင်လုပ်ဆောင်ခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

ယင်းလုပ်ငန်းများလုပ်ဆောင်နေစဉ် လမ်းမကြီးဖောက်လုပ်ရာတွင် လယ်ယာမြေပိုင်ဆိုင်သူအဖွဲ့များမှ နစ်နာကြေးတောင်း ခံရာ ဆန္ဒပြမှုကြောင့် လုပ်ငန်းများရပ်နားခိုင်းထားပြီး တံတားဆောက်လုပ်ရေးသမားများလည်း မိမိဇာတိကို ပြန်သွားကြသည့် အတွက် လုပ်လက်စလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

နေရပ်ပြန်သွားကြသည့် အလုပ်သမားများမှာ စက်ကြီးကိုင်သူ၊ လုပ်ငန်းကျွမ်းကျင်သူများဖြစ်သည့်အတွက် အဆိုပါ အလုပ်သမား များကို ပြန်ခေါ်ဖို့ company က အကြိမ်ကြိမ်ကြိုးပမ်းသော်လည်း ယခုချိန်ထိ ဘာတစ်ခုမှ ထူးခြားမှုမရှိသေးကြောင်း ထပ်မှန်သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...