ဖလမ်း နှင့် တီးတိန်အကြား တည်ရှိသော Buannel အရပ်ဒေသအပေါ် ငြင်းပွားမှုများရှိ

ဖလမ်း နှင့် တီးတိန်အကြား တည်ရှိသော Buannel အရပ်ဒေသအပေါ် ငြင်းပွားမှုများရှိ

ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်နေ့က Global Chin (Falam) Organization မှ ဦးဆောင်ကျင်းပခဲ့သော Falam Prospect Workshop တွင် ဖလမ်းမြို့နယ်နှင့် တီးတိန်မြို့နယ်ကြားတွင် တည်ရှိသော Buannel အရပ်ဒေသအား Community Forest (CF) အဖြစ် မှတ်ပုံတင်ရန်ဆွေးနွေးခဲ့သည်ဟု ဇူလိုင်လ ၇ ရက်နေ့ထုတ် Chinland Herald Daily News သတင်းစာတွင် ဖော်ပြလာခြင်းအပေါ် တီးတိန်မြို့နယ် CSO’s Network မှ အပြင်းအထန်ရှုတ်ချကြောင်း ဇူလိုင် ၂၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ Buannel အရပ်ဒေသသည် တီးတိန်မြို့နယ် အုပ်ချုပ်ရေးနှင့် မြေစာရင်းဦးစီးဌာန၏ မြေပုံအရသော်လည်းကောင်း၊ သမိုင်း အထောက်အထားများအရ သော်လည်းကောင်း၊ တီးတိန်မြို့နယ်တွင်တည်ရှိပြီး Len nupa (Buannel) ဟု အတိအကျ ဖော်ပြထား ကြောင်း သဘောထားထုတ်ပြန်ချက်တွင် ပါရှိသည်။

၄င်းအပြင် ယခုလို စီစဉ်နေခြင်းသည် တီးတိန်မြို့နယ် အုပ်ချုပ်ရေးယန္တရားနှင့် ဒေသခံပြည်သူလူထုကို မထင်မဲ့မြင် မလေးစားရာ ရောက်သောလုပ်ဆောင်ချက်ဖြစ်ကြောင်းနှင့် ချင်းပြည်နယ်အတွင်းရှိ တစ်မြို့နယ်နှင့်တမြို့နယ်ကြား စည်းလုံးညီညွတ်မှုကို ပျက်ပြားစေမည့်လုပ်ဆောင်ချက်ဖြစ်ကြောင်း သုံးသပ်ခဲ့ကြသည့်အပြင် ဒီမိုကရေစီ စံချိန်စံညွှန်းနှင့်လုံးဝ ကိုက်ညီမှုမရှိသောကြောင့် ခုလို တီးတိန်မြို့နယ် CSO’s Network မှ အပြင်းအထန်ရှုတ်ချကြောင်း သဘေားထားထုတ်ပြန်ရခြင်းဖြစ်သည်။

ယခုလို သဘေားထားထုတ်ပြန်ခဲ့ကြသော တီးတိန်မြို့နယ် CSO’s Network များမှာ Tedim Youth Fellowships, Zomi Youth Association – Tedim, Tedim Agriculture Famers Federation of Myanmar – Tedim Township, News Step, Sakollam Social Society, Leilum Youth Association, Teltui Von Innkuan – Tedim, Chin Civil Society Network – Tedim, Tedim Disabled Development Organization နှင့် Chin Ethnic Peasant Union – Tedim Township တို့ ဖြစ်သည်။

အဆိုပါ တီးတိန်မြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့၏ သဘောထားကြေညာထုတ်ပြန်ချက်အပေါ် ချင်းလဲန်ဟေရာယ်လ် သတင်းစာ အယ်ဒီတာအဖွဲ့မှ ပြန်လည်ရှင်းလင်းချက်တစ်စောင်ကို ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။ တီးတိန်မြို့နယ် အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၀ ဖွဲ့၏ ဇူလိုင်လ ၂၈ ရက်နေ့ သဘေားထားကြေညာထုတ်ပြန်ချက်တွင် Falam Prospect Workshop ၌ Buannel အရပ်ဒေသအား Community Forest (CF) အဖြစ် မှတ်ပုံတင်ရန် ဆွေးနွေးသည်ဟု ပါရှိခြင်း အပေါ် ထိုသို့ဆွေးနွေးခြင်းမရှိသကဲ့သို့ မိမိတို့သတင်းဌာနမှလည်း ထိုသို့ဆွေးနွေးသည်ဟု ရေးသားဖော်ပြထားခြင်းမရှိကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။ Falam Prospect Workshop သတင်းကို ဇူလိုင်လ ၁၀ ရက်နေ့တွင်သာ သတင်းစာတွင် အကျယ်တဝင့်ဖော်ပြပြီး၊ ဖလမ်းမြို့နယ် နှင့် တီးတိန်မြို့နယ်အကြားရှိ Buannel အရပ်ဒေသကို ဖလမ်းမြို့နယ်အခြမ်းရှိနေရာများအား တိုင်းတာမှတ်သားရန် ဆွေးနွေးခဲ့ ကြောင်း ရေးသားခဲ့ခြင်းဖြစ်ပြီး Chinland Herald Daily News သတင်း၏ မူလဆိုလိုရင်းနှင့် အဓိပ္ပါယ်ကောက်ယူပုံ လွဲမှားခြင်းမျှ သာဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့ကြောင်း သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...