ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မတီ ဖွဲ့စည်း

ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံ မူကြမ်းရေးဆွဲရေး ကော်မတီ ဖွဲ့စည်း

ကချင်ပြည်နယ် ဖယ်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ရေးဆွဲဖို့ ဦးဆောင် ကော်မတီ (Kachin State Constitution Drafting and Coordination Committee) ကို ဇူလိုင်လ (၃၁)ရက်နေ့က ဖိတ်ကြားထားသော ကချင်လူထု အစည်းအဝေးမှ အောင်မြင်စွာ ဖွဲ့စည်းလိုက်ပြီ ဖြစ်ပါသည်။

ကချင်ပေါင်းစည်းပါတီများ၊ ရိုးရာနှင့် ယဉ်ကျေးမှုဗဟိုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ရှေ့နေများ၊ သုတေသီများအပြင် မြို့နယ်တိုင်းမှ ကိုယ်စားလှယ်များ ပါဝင်သော (၄၇) ဦးပါဝင်သော အဖွဲ့ကို မြစ်ကြီးနားမြို့၊ ယုဇန ရပ်ကွက် ကက်သလစ်အသင်းတော် စိန်သောမတ်(စ်) ဓမ္မာရုံ တွင် ပြုလုပ်သော ဆွေးနွေးပွဲတွင် ရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။



ဖွဲ့စည်းပုံ မူကြမ်း အမြန်ပြီးစီးနိုင်ရေးအတွက် လာမည့် အောက်တိုဘာလတွင် ဦးဆောင်ကော်မတီ ဝင်များ အစည်းအဝေးပြုလုပ်မည်ဟု ပြောဆိုပါသည်။



ယမန်နေ့တွေ့ဆုံမှုတွင် ကချင်ပြည်နယ်အတွင်း ကချင်ပါတီပေါင်းစည်းရေးအဖွဲ့မှ ခေါင်းဆောင်များ၊ ခရစ်ယာန်အသင်းတော်ခေါင်းဆောင်များ၊ ဒေသအသီးသီးမှ လူထုကိုယ်စားလှယ်များ နှင့် ကချင်လူမှုအဖွဲ့အစည်း ပေါင်းစုံမှ ကိုယ်စားလှယ် စုစုပေါင်း (၁၀၀)ကျော် တက်ရောက်ဆွေးနွေးခဲ့ပါသည်။



ကချင်ပြည်နယ်ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံ ဥပဒေ မူကြမ်း ကို ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနိုင်သည့် ကချင်အမျိုးသား ဒီမိုကရေစီ ကွန်ဂရက် (Kachin State National Congress for Democracy, KNCD) ပါတီ ကိုယ်စားလှယ်များ စတင်ရေးဆွဲခဲ့ပြီး နောက်ပိုင်း ထိုင်းနိုင်ငံတွင် ဆက်လက်ရေးသားကာ၊ ၂၀၁၇ တွင် ကချင်ပြည်နယ်တွင် ပြန်လည် ရေးဆွဲခဲ့ခြင်းဖြစ်သည်။



၂၀၁၈ အတွင်း အုပ်ရေ ၂၀၀၀ ပုံနှိပ်ပြီး ဖြန့်ချီထားပြီ ဖြစ်ကြောင်း သိရပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...