ချင်းပြည်နယ် မင်းတပ်မြို ့အနောက်ရပ်ကွက်၊ ကွက်စိပ်(၇)ဗိုလ်ကျော်ဦးလမ်းနှင့် သခင်အောင်မင်းလမ်းဆုံတွင်ကျောက်စီရေမြောင်းမှာမိုးများချိန်တွင်လမ်းမများပေါ် မိုးရေလျှံကာလမ်းသွားလာရေးတွင် အခက်ခဲများစွာရှိသည်ဟုဒေသခံတစ်ဦးထံမှ ယမန်နေ့တွင် သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို ့အနောက်ရပ်ကွက်၊ ကွက်စိပ်(၇)ဗိုလ်ကျော်ဦးလမ်းနှင့် သခင်အောင်မင်းလမ်းဆုံတွင်ကျောက်စီရေမြောင်းမှာမိုးများချိန်တွင်လမ်းမများပေါ် မိုးရေလျှံကာလမ်းသွားလာရေးတွင် အခက်ခဲများစွာရှိသည်ဟုဒေသခံတစ်ဦးထံမှ သိရသည်။
ဒေသခံဦးလိန်ထန်းက “ရေစီးနေတဲ့လမ်းတွေကအများပြည်သူသုံးနေတဲ့လမ်းတွေဖြစ်တယ်၊ မိုးများတဲ့ အချိန်တွေမှာဆိုရင် လမ်းတွေမှာရေတွေကဒူးလောက်ရောက်တော့ ကျောင်းနေရွယ် ကလေးငယ်တွေရဲ့ အသက်အန္တရယ် ဆိုးရိမ်ရတယ်အမြန်ဆုံးပြုပြင်ဆောင်ရွက်စေချင်တယ်”ဟုပြောသည်။
ကျောက်စီရေမြောင်းကိုတာဝန်ယူဆောင်ရွက်နေသောကုမ္မဏီလုပ်သားများမှ ကျောက်ခဲများလိမ့်မကျအောင် ရေစီးနေသောမြောင်းကိုထင်းချောင်းများဖြင့်ပိတ်ဆို့ လိုက်ခြင်းကြောင့် လမ်းများပေါ်တွေရေများရောက်ကာသွားလာရေးတွင် အခက်ခဲရှိခြင်းဖြစ်ကြောင်းသိရသည်။
ကုမ္မဏီမှမြောင်းကိုအမြန််ဆုံးပြန်မဖော်ပေးပါကမိုးရွာသွန်းသည့်အခါအများပြည်သူများနှင့် ကလေးသူငယ်များ ဧ။်သွားရေးလာရေးဆက်လက်ခက်ခဲနေမည်ဟုဒေသခံများထံမှ သိရသည်။







