ဘားအံနှင့် မဒေါက်မြို့နေထိုင်သူများအား ရေဘေးလွတ်ရာရှောင်ရန် မိုးဇလ သတိပေး

ဘားအံနှင့် မဒေါက်မြို့နေထိုင်သူများအား ရေဘေးလွတ်ရာရှောင်ရန် မိုးဇလ သတိပေး
မဒေါက်မြို့ ဇူလိုင်လ ၃၀ ရက် မြင်ကွင်း။ (ဓာတ်ပုံ-သူရ၊ မဇ္ဈိမ)
မဒေါက်မြို့ ဇူလိုင်လ ၃၀ ရက် မြင်ကွင်း။ (ဓာတ်ပုံ-သူရ၊ မဇ္ဈိမ)

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်နှင့် မဒေါက်မြို့နေထိုင်သူများကို မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဇူလိုင်လ ၃၀ ရက် ညပိုင်းတွင် သတိပေးထားသည်။

ယနေ့( ဇူလိုင်လ ၃၁ ရက်နေ့)မြန်မာစံတော်ချိန် နေ့လည် ၁နာရီ ၃၀ မိနစ် အချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့၏ စိုးရိမ်ရေမှတ်ထက် ၆ ပေခန့် ကျော်လွန်နေပြီး နောက် ၂ ရက်အတွင်း ၂ ပေခန့် ကျဆင်းနိုင် ကြောင်း ခန့်မှန်းထားသော်လည်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

ထို့ပြင် စိုးရိမ်ရေမှတ်ထက် ၆ ပေခန့် ကျော်နေသော ဘားအံမြို့တွင် ယနေ့တိုင်းတာချက်အရ ၉၃၈ စင်တီမီတာ သည် နှစ်ပေါင်း ၅၃ နှစ် အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပြီး ၂၀၀၂ ခုနှစ်က အမြင့်ဆုံးရေမှတ်မှာ ၉၃၆ စင်တီမီတာ ဖြစကြောင်း မိုးဇလ ထုတ်ပြန်ချက်အရ သိရသည်။

သာပေါင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြ ပါရန် မိုးဇလမှ နှိုးဆော်ထားပြီး ငဝန်မြစ်ရေသည် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး နောက် ၁ ရက် အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ရှိနေဆဲဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဇူလိုင်လ ၃၀ ရက်အထိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့ တွင် (၂)ပေခွဲခန့်၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ပေခန့်၊ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၁)ပေခန့် စိုးရိမ်ရေမှတ်အထက် အသီးသီးကျော်လွန်နေသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...