ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်း ၇၀ ဦး နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်

ထိုင်းနိုင်ငံက မြန်မာရွေ့ပြောင်း ၇၀ ဦး နိုင်ငံအတွင်း ပြန်လည်ဝင်ရောက်
(ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန)
(ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန)

ထိုင်းနိုင်ငံအတွင်းမှာ ရွေ့ပြောင်းအလုပ်သမားဆိုင်ရာ အက်ဥပဒေ ပြင်ဆင်ပြောင်းလဲမှုတွေ လုပ်နေတဲ့အတွက် ဆက်လက်နေထိုင်ဖို့ ခက်ခဲလာတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား တစ်ချို့ဟာ နိုင်ငံအတွင်း နယ်စပ်ဝင်ပေါက် အသီးသီးကနေ ပြန်လည် ဝင်ရောက်မှုတွေ ရှိနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ပါတယ်။

ဇူလိုင်လ ၂၈ ရက်နေ့ တစ်နေ့တည်းမှာပဲ ထိုင်းဘက်က မြန်မာရွေ့ပြောင်း ၇၀ ဦး ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။ သူတို့တွေထဲမှာ အကြမ်းဖက်သမားများ ပါမပါနှင့် မူးယစ်ဆေး၊ လက်နက်ခဲယမ်းများ၊ တရားခံပြေးများ၊ ငွေစက္ကူအတုများ သယ်ဆောင်  ပါလာခြင်းတို့ မရှိစေဖို့ စိစစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သူတို့တွေကို မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ကျောက်လုံးကြီးလမ်းရှိ ရွေ့ပြောင်းအလုပ်သမားရုံးမှာ စိစစ်ခဲ့တာဖြစ်ပြီး အဲဒီနောက် သူတို့ရဲ့ သက်ဆိုင်ရာ နယ်ရပ်အသီးသီးကို   ပြန်လည်ထွက်ခွာသွားကြကြောင်းလည်း သိရပါတယ်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...