ချင်းဒုက္ခသည်များအရေး UNHCR ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်

ချင်းဒုက္ခသည်များအရေး UNHCR ဆုံးဖြတ်ချက် ချင်းနိုင်ငံရေးပါတီများကန့်ကွက်

ချင်းပြည်နယ်တွင် နိုင်ငံရေး၊ လူမှုရေး နှင့် လုံခြုံရေးအခြေအနေ တိုးတက်မှုများရှိလာသည့်အတွက် မလေးရှားနှင့် အိန္ဒိယနိုင်ငံသို့ရောက်ရှိနေကြသည့် ချင်းလူမျိူးများကို ဒုက္ခသည်အဖြစ် ခိုလုံခွင့်ပေးတော့မည်မဟုတ်ကြောင်း ကုလသကုမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီရုံး (UNHCR) ၏ ဆုံးဖြတ်ချက်ကို ချင်းနိုင်ငံရေးပါတီ (၆) ခုမှ ဇူလိုင် (၂၄) ရက်နေက ကြေညာချက်တစ် စောင်ထုတ်ပြန်ပြီး ကန့်ကွက်လိုက်ကြသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး၊ ချင်းပြည်နယ်၏ အနာဂါတ်နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးအခြေအနေသည် ကောက်ချက်ချရန် များစွာ စောနေသေးပြီး ယခုလက်ရှိတွင် ချင်းပြည်နယ်တောင်ပိုင်း၌ တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ထောင်နှင့်ချီသော ချင်းလူမျိူးများဒုက္ခအတိရောက်နေသည့်အပြင် နိုင်ငံတကာမှ တိုင်းရင်းသားနယ်မြေအား အန္တာရာယ်ဇုံဟု သတ်မှတ်နေချိန် တွင် ချင်းပြည်နယ်တစ်ခုတည်းကိုသာ ကွက်ပြီး ငြိမ်းချမ်းသည့်အနေအထားရှိသည်ဟု ကောက်ချက်ချမှုသည် တရားမျှတမှု မရှိဘူးဟု ချင်းနိုင်ငံရေးပါတီ(၆) ခုဖြစ်သည့် ချင်းတိုးတက်ရေးပါတီ၊ ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချူပ်၊ အရှိုချင်းအမျိူးသားပါတီ၊ တိုင်းရင်းသားလူမျိူးများဖွံ့ဖြိုးရေးပါတီနှင့် ခူမီး(ခမီး) အမျိူးသားပါတီ တို့၏ ပူးတွဲကြေညာချက်တွင်ဖော်ပြထားသည်။

“ချင်းပြည်နယ်တစ်ခုတည်းကိုသာ ကွက်ပြီး “အလုံးစုံငြိမ်းချမ်းတည်ငြိမ်နေသည့် အနေအထားရှိသည်’’ ဟု UNHCR ၏ ဆုံးဖြတ်ချက်သည် နိုင်ငံရေးလွတ်လပ်မှုနှင့်အခွင့်အရေးတို့အတွက် တခြားတိုင်းရင်းသားများနှင့်အတူ တိုက်ပွဲဝင်သည့် ချင်းလူမျိူးအတွက် မျှတမှုမရှိ’’ ဟု ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

ချင်းအမျိူးသားဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူးဆလိုင်းကျဲအိုဘိခ်ထောင်က “အခုလို ကွက်ပြီး ဆုံးဖြတ်မှုဟာ မျှတမှုမရှိဘူး၊ ခိုင်လုံမှုပြည့်စုံမှုမရှိတဲ့အပြင် ဒေသခံအဖွဲ့အစည်းကို လုံလောက်သော ညှိနှိုင်းတိုင်ပြင်မှုမရှိတဲ့အတွက် မလေးရှားရောက် ချင်းဒုက္ခသည်(၃)သောင်းကျော်နဲ့ နယူးဒေလီ(အိန္ဒိယ)ရှိ ချင်းဒုက္ခသည် (၁)သောင်းနီးပါး စုစုပေါင်း (၅)သောင်းဝန်းကျင်အတွက် ကြီးစွာသော အကျိုးသက်ရောက်မှုရှိနိုင်သည့် စိုးရိမ်ပူပန်းမှုအတွက် ချင်းနိုင်ငံရေးပါတီ(၆)ခုက UNHRC အား ပြန်လည်သုံးသပ်ရန်တိုက်တွန်းလိုက်တာဖြစ်ပါတယ်’’ ဟု ခိုနူမ်းသုန်သတင်းဌာန ကိုပြောသည်။

ကုလသကုမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီရုံးသည် ပြီးခဲ့သည့် ဇွန်လက ကြေညာချက်တစ်စောင်ထု တ်ပြန်ကာ မလေးရှားနှင့် နယူးဒေလီရှိ ချင်းဒုက္ခသည်များဆိုင်ရာ အဖွဲ့အစည်းအား ခေါ်ယူတွေ့ဆုံးပြီး ချင်းလူမျိူးများအပေါ် ၎င်းတို့ဆုံးဖြတ်ချက်ကို ချပြရှင်းလင်းခဲ့ခြင်းဖြစ်သည်။

UNHCR ၏ ထုတ်ပြန်ချက်တွင် ဒုက္ခသည်များအနေဖြင့် ရွေးချယ်စရာနည်းလမ်း ၂ ခုရှိပြီး ပထမတစ်ခုမှာ လက်ရှိကိုင်ဆောင်ထားသော UN Register Card ကို ၂၀၁၉ ဒီဇင်ဘာလ (၃၁) အထိ ကိုင်ဆောင်ခွင့်ပေးမှာဖြစ်ပြီး ၂၀၂၀ ဇန်နဝါရီလ (၁) ရက်နေ့တွင် အဆိုပါ Card သည် အလိုအလျောက် ရပ်ဆိုင်းခံရမည်ဖြစ်သည်။

ဒုတိယတစ်ချက်မှာ နိုင်ငံတကာ၏အကာကွယ်ပေးမှု ဆက်လက်လိုအပ်သေးသည်ဟု မိမိကိုယ့်ကိုယူဆလျင် UNHCR နဲ့ တွေ့ဆုံမေးမြန်းခြင်းခံယူရမည်ဖြစ်ပြီး နှစ်လအတွင်း အကြောင်းပြန်ကြားမည်ဖြစ်သည်။ ယင်းအကြောင်းပြန်ကြားချက်ပေါ်မူတည်ပြီး ယခုလက်ရှိနေထိုင်သည့်နိုင်ငံတွင် ဆက်နေဖို့ဖြစ်စေ၊ တတိယနိုင်ငံကိုထွက်ခွါ ဖို့ဖြစ်စေ၊ မြန်မာနိုင်ငံကို ပြန်ဖို့ဖြစ်စေ ဆုံးဖြတ်သွားရမည်ဖြစ်သည် ဟုသိရသည်။

ချင်းလူမျိူးများအပေါ် UNHCR ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်ကန့်ကွက်သည့်အနဖြင့် မလေးရှားနိုင်ငံတွင် ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်ခဲ့ကြပြီး အိန္ဒိယနိုင်ငံတွင်လည်း လာမည့်လတွင် ဆန္ဒပြကြမည်ဟု သိရသည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...