ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံများစကားဝိုင်းကို ဘားအံတွင် ပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံများစကားဝိုင်းကို ဘားအံတွင် ပြုလုပ်မည်
by -
ဇေယျာမော်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်ဒေသခံပြည်သူများ၏ စကားဝိုင်းကို ကရင်ပြည်နယ် ဘားအံမြို့တွင် ယခုရက်ပိုင်းအတွင်း ကျင်းပသွားရန် စီစဉ်နေသည်ဟု ကရင်ပြည်နယ်အစိုးရ အဖွဲ့ဝင် မွန်တိုင်းရင်းသားရေးရာဝန်ကြီး ဦးမင်းတင်ဝင်းက ဆိုသည်။

“ရက်အတိအကျတော့ ပြောလို့မရသေးဘူး။ ဒီတစ်ပတ်အတွင်းမှာပါပဲ။ ဒီလမကုန်ခင်လုပ်ဖို့ စီစဉ်ထားပါတယ်” ဟု ၄င်းကဆိုသည်။

စကားဝိုင်းတွင်ပါဝင်မည့် ပြည်သူများကိုလည်း  ရွေးချယ်ပြီးဖြစ်ကာ ဘားအံမြို့ဇွဲကပင်ခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟုလည်း ဦးမင်းတင်ဝင်းက ပြောသည်။

“စကားဝိုင်းမှာ ပါမယ့်သူတွေက အရပ်ဘက်လူမှု့အဖွဲ့အစည်းကသူတွေ၊ တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေ၊ အမျိုးသမီးအရေးကိစ္စပြုလုပ်နေတဲ့ အဖွဲ့တွေ၊ ရပ်မိရပ်ဖတွေ ပါဝင်ပါမယ်” ဟု ၄င်းက ဆိုသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေသခံပြည်သူများ စကားဝိုင်းကို ပြီးခဲ့သည့် ဇွန်လအတွင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်ဒေသခံပြည်သူများ၏ စကားဝိုင်းကို ရှမ်းပြည်နယ် ပင်လုံမြို့၊ နေပြည်တော်၊ ကယားပြည်နယ်၊ လွိုင်ကော်၊ မန္တလေးတိုင်း ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာ ၊ ဧရာဝတီတိုင်း မြောင်းမြ နှင့် မွန်ပြည်နယ် မော်လမြိုင်တို့တွင် ကျင်းပခဲ့ပြီးဖြစ်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...