အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများကို ကာကွယ်မြှင့်တင်ပေးနိုင်ရမည်ဟုဆို

အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများကို ကာကွယ်မြှင့်တင်ပေးနိုင်ရမည်ဟုဆို
by -
အောင်မြတ်သူ
ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးတီခွန်မြတ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)
ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ တက်ရောက်လာသည့် ဦးတီခွန်မြတ်(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

လွှတ်တော်က အတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများသည် ပြည်သူများ၏ ကိုယ်ခန္ဓာလုံခြုံမှုနှင့် စိတ်လုံခြုံမှုကို ကာကွယ်ပေးနိုင်သည့် ဥပဒေများဖြစ်ရန်လိုကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားခဲ့ သည်။

ယမန်နေ့ ဇူလိုင်လ ၂၃ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် နဝမ ပုံမှန်အစည်း အဝေး ပထမနေ့အစီအစဉ် အဖွင့် ကြိုဆိုနှုှတ်ခွန်းဆက်စကားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

 “လွှတ်တော်မှာ တင်သွင်းတဲ့အဆိုတွေဟာ ပြည်သူ့အသံကို ထင်ဟပ်နေတဲ့အဆိုတွေ ဖြစ်ရပါမယ်။ မေးမြန်းတဲ့ မေးခွန်းတွေဟာလည်း ပြည်သူ့သဘောထားတွေ ဖော်ပြတဲ့ မေးခွန်းတွေ  ဖြစ်ရပါမယ်”ဟုလည်း ပြောကြားခဲ့သည်။

အလားတူ ပြည်သူ့ကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်များသည် မြင့်မားပါမှ “နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ပိုမိုထိရောက်စွာ သယ်ပိုးဆောင်နှင်းပေးနိုင်မှာဖြစ်တဲ့အတွက် မိမိတို့၏ စွမ်းဆောင်ရည် မြင့်မားရေးအတွက် အမြဲအားထုတ်ကြိုးပမ်းကြရန်”လည်း ၄င်းက တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် ယနေ့ကာလသည် ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံဖြင့် ဆောင်ရွက်နေသောကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များတွင် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ အဆိုပြုချက်များမှ ထွက်ပေါ်လာသည့်သဘောတူညီချက်များကို နိုင်ငံရေးဆွေးနွေးပွဲများတွင် လွှတ်တော်ကိုယ်စားလှယ်များ ၀ိုင်းဝန်းဆောင်ရွက်ကြရန် ဆက်လက်တိုက်တွန်းခဲ့သည်။

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် နဝမပုံမှန်အစည်းအဝေး အတွင်း ဆွေးနွေးကြရမည့် ဥပဒေကြမ်း (၂၃)ခု၊ အဋ္ဌမပုံမှန် အစည်းအဝေးတွင် တင်သွင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးရန် ကျန်အဆို (၄)ခုနှင့် အသင့်ဖြစ်အဆို(၃) စုစုပေါင်း အဆို (၇)ခုနှင့် အဋ္ဌမပုံမှန်အစည်းအဝေးမှ နဝမပုံမှန် အစည်းအဝေးသို့ ပြောင်းရွှေ့မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်း (၁၃၇) ခုအပါအဝင် အသင့်ဖြစ်ကြယ်ပွင့်ပြ မေးခွန်း (၁၅၆)ခုတို့ကို ဆွေးနွေးသွားကြမည် ဖြစ်သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...