ဖားကန့်မြေပြိုကျမှုမှ သေဆုံးသူတစ်ဦးလျှင် ကျပ် ၃ သိန်းဖြင့် ကျန်ရစ်သူမိသားစုအား ထောက်ပံ့

ဖားကန့်မြေပြိုကျမှုမှ သေဆုံးသူတစ်ဦးလျှင် ကျပ် ၃ သိန်းဖြင့် ကျန်ရစ်သူမိသားစုအား ထောက်ပံ့
by -
ရဲနိုင်(လောက်ကိုင်)
(ဓာတ်ပုံ-ကိုပေါ်မျိုးဆွတ်အောင်)
(ဓာတ်ပုံ-ကိုပေါ်မျိုးဆွတ်အောင်)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာအနောက်ဖက်တွင် မြေကမ်းပါးပြိုကျခဲ့ရာမှ သေဆုံးခဲ့သူ မိသားစုဝင်တစ်ဦးလျှင် ကျပ် ၃ သိန်းနှုန်းဖြင့် ကချင်ပြည်နယ်၊ လူမူကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးက ပေးအပ်ခဲ့ကြောင်း သိရသည်။

သေဆုံးသူမိသားစုဝင်တစ်ဦးလျှင် ကျပ် ၃ သိန်း၊ ဆေးဝါးကုသနေသူ တစ်ဦးလျှင် ကျပ် ၅ သောင်းအား ကချင် ပြည်နယ်၊ လူမူကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများက ဇူလိုင်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းတွင် မိသားစုများထံ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်မြို့နယ်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ်မှ အတွင်းရေးမှူးဖြစ်သူ ဦးသောင်းစံက ပြောသည်။

“ အစိုးရဘက်ကတော့ ဇူလိုင်လ ၁၅ ရက် မနက်ပိုင်းမှာပဲ ကချင်ပြည်နယ်၊ လူကယ်ပြန်ဝန်ကြီးနဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ တာဝန်ရှိသူတွေက သေဆုံးသူတွေရဲ့ မိသားစုဝင်တစ်ဦးကို ၃ သိန်းတဲ့။ ဆေးကုသမှု ခံယူနေတဲ့ မိသားစုဝင်တစ်ဦးကို ၅ သောင်းတဲ့ ပေးလှူခဲ့ပါတယ်”ဟု ဦးသောင်းစံက ပြောသည်။

အဆိုပါ ကမ်းပါးပြိုကျမှုမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ၊ နေ့လည် ၂ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခင်း ဖြစ်ပွားသည့်နေ့က မြေပြို ကျသည့် နေရာမှ ရုပ်အလောင်း ၁၅ လောင်းရရှိခပြီး အလှူငွေပေးအပ်ချိန်တွင် သေဆုံးသူ ၁၇ ဦး ရှိခဲ့သည်။

ဇူလိုင်လ ၁၆ ရက်၊ ညနေ ၄ နာရီ၊ မိနစ် ၂ဝ တွင်လည်း မြေပြိုသည့်နေရာမှ ရုပ်အလောင်း ၁ လောင်း ထပ်မံ တွေ့ရှိခဲ့သဖြင့် လက်ရှိတွင် ရှာဖွေတွေ့ရှိထားသည့် သေဆုံးသူ ရုပ်အလောင်းမှာ ၁၈ လောင်း ထိရှိလာပြီ ဖြစ်သည်။

အဆိုပါ ကမ်းပါးပြိုကျခဲ့သည့်နေရာမှာ လက်ရှိတွင် မိုးများရွာသွန်းထားသောကြောင့် လူတစ်ရပ် ကျော်နက် သည့် ရွှံ့နွံများဖြစ်နေပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းအား ခေတ္တရပ်ဆိုင်းထားရကြောင်း၊ ပေါ်လာသည့် ရုပ်အလောင်းများအားဆယ်ရသည့်အနေအထား ဖြစ်နေကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

April 27, 2026
စစ်အုပ်စုလက်အောက်ခံ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက...
April 25, 2026
ညီနောင်မဟာမိတ်အဖွဲ့ဝင်များဖြစ်သည့် MNDAA, TNLA နှင့် AA တို့ ထိန်းချုပ်ထားသည့် မြို့အားလုံးကို...
April 24, 2026
အာဏာသိမ်း စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ...
April 23, 2026
မောင်ခက်နွေ —စစ်အာဏာသိမ်းပြီး ငါးနှစ်နီးပါးအကြာတွင် အရပ်သားသမ္မတအဖြစ် အသွင်ပြောင်းလဲထားသည့် ၂၀၂၆...