တားဆီးခံ စစ်ရှောင်များ လွတ်မြောက်ရေး လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦးအမှု ထပ်မံ ရုံးချိန်း

တားဆီးခံ စစ်ရှောင်များ လွတ်မြောက်ရေး လူငယ်ဆန္ဒပြ ခေါင်းဆောင် (၃)ဦးအမှု ထပ်မံ ရုံးချိန်း

၄င်းတို့ ၃ ဦးအမှုပယ်ဖျက်ပေးရန် ကချင်ပြည်နယ်တရားရုံးသို့ တင်ထားသော အမှုတွဲ မြစ်ကြီးနား မြို့နယ် တရားရုံးသို့ မရောက်လာသေးသဖြင့် ထပ်မံရုံးချိန်း လိုက်ခြင်း ဖြစ်သည်။

“ဒီကနေ့ တရားရုံးကို ရောက်တော့ မြို့နယ်ရုံးက တရားရေးအရာရှိက ပြောတယ်။ အမှုတွဲကျမလာလို့ ဘာမှ လုပ်လို့ မရဘူး။ ၃၀ ရက်နေ့ ကို ထပ်ချိန်းလိုက်တယ်” ဟု တရားစွဲခံထားရသူ ဒေါ် Nang Pu က ပြောသည်။

ထို့အပြင် ယနေ့ ရုံးချိန်းတွင် တပ်မတော် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တရားလို သက်သေများကို စစ်ဆေးရန်ဖြစ်သော်လည်း တစ်ယောက်မျှပင် ရောက်မလာခဲ့ပေ။

ဧပြီလမှ မေလထိ ဖားကန့်မြို့နယ်၊ တနိုင်းမြို့နယ် နှင့် အင်ဂျန်းယန်မြို့နယ် အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA စခန်းများကို တပ်မတော်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့စဉ် ၎င်းတို့ တားဆီးထားသော ပြည်သူများကို လွတ်ပေးရန် ကချင်လူငယ်များ တောင်းဆိုဆန္ဒပြပွဲကို ဧပြီ (၃၀) မှ မေ (၈)ရက်ထိ မြစ်ကြီးနားမြို့တွင် ဆက်တိုက်ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲ ဦးဆောင်သူ ဦး Lum Zawng၊ ဦး Zau Jat နှင့် Nang Pu သုံးဦးပေါ် စွဲဆိုထားသော အမှုများကို ချေဖျက်ပေးရေး လျှောက်ထားမှုကို လွန်ခဲ့သည့်အပတ် ပြည်နယ် တရားရုံးက ပယ်ချခဲ့သည်။

လူငယ်ခေါင်းဆောင် (၃)ဦးသည် မေလ (၁၆) ရက်နေ့မှ တရားရင်ဆိုင်နေရခြင်း ဖြစ်သည်။

May 16, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် နမ့်ခမ်းမြို့နယ် ဆင်လီဘွမ် (SinliBum) တစ်ကြောကို...
May 15, 2026
ကချင်ပြည်နယ်၊ ပူတာအိုမြို့လယ်ခေါင်မှာ စစ်တပ် နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ရဲကင်းထိုင်ချထားပြီး...
အုပ်ချုပ်ရေးယန္တရား ပြန်လည်ပတ်ဖို့ ပြင်နေချိန် ထီးချိုင့်-ကသာလမ်းပိုင်းမှာ တိုက်ပွဲဖြစ်
May 14, 2026
အမိုး — စစ်ကိုင်း–ကချင် ကားလမ်းပိုင်းကို စစ်တပ်က ထိန်းချုပ်ပြီး အုပ်ချုပ်ရေးယန္တရား...
May 13, 2026
ဂျာဘောက်ရာ — ရှမ်းမြောက် KIA ထိန်းချူပ်ထားတဲ့ မဘိမ်း–မြစ်ဆုံဒေသဖက်ကို စစ်ကြောင်းထိုးဖို့...