မော်လမြိုင်ကျိုက်သလ္လံစေတီတော်အား ပြင်ဆင်နိုင်ရေး စစ်ဆေးနေဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော

မော်လမြိုင်ကျိုက်သလ္လံစေတီတော်အား ပြင်ဆင်နိုင်ရေး စစ်ဆေးနေဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ပြော
by -
နွန်နွန်

 ဇွန်လအတွင်းက မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကျိုက်သလ္လံစေတီတော်ဘုရားပရဝဏ်အနီး မြေသားနံရံပြို ကျပျက်စီးခဲ့မှုအတွက် စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ဇူလိုင်လ ၇ ရက်နေ့က မော်လမြိုင်တွင် ပြုလုပ်ခဲ့သော အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး ပြန်လည် ပြုပြင် တည်ဆောက် ရေးလုပ်ငန်းများကို အဆင့် ၂ ဆင့်ခွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

“ပြုပြင်ရေးလုပ်ငန်းကို ၂ ပိုင်း ခွဲပြီး လုပ်သွားမှာပါ။ ပထမအဆင့်က ယခု မိုးတွင်းကာလမှာ ထပ်ပြီး ပြိုကျမှု မဖြစ်အောင် အပူတပြင်းနဲ့ လုပ်နေပါတယ်။ ဒုတိယအဆင့်ကတော့ ဘုရားနဲ့ပတ်သက်ပြီး ရှေရည်တည်တံ့ ခိုင်မြဲ အောင် ပြုပြင်ရေးလုပ်ငန်းအတွက် လိုအပ်တဲ့ အချက်အလက်တွေကို သက်ဆိုင်ရာပညာရှင်တွေက ကောက်ယူ နေပါတယ်။ဒါတွေနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်မှုတွေကိုလည်း လုပ်နေပါတယ်။ ဘယ်လောက်ကုန်ကျမလည်း ဆိုတာကို တိတိကျကျတော့ မပြောနိုင်သေးပါဘူး။အကုန်ကျစရိတ်တော့ များလိမ့်မယ်။ ခု ရရှိထားတဲ့ အလှူငွေ တွေကို ဘုရားပြုပြင်ဖို့အတွက်ပဲ အရင်လုပ်မှာပါ။ နောက်မှ ကျိုက်သလ္လံ တောင်ကြောတစ်လျှောက်လုံးကို ပြန်လည်ထိန်းသိမ်းဖို့လည်း ရှိပါတယ်”ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်နေ့ နံနက်ပိုင်းက လေပြင်းများတိုက်ခတ်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မော်လမြိုင်မြို့ ကျိုက်သံလန်ဘုရား အရှေ့ဘက်မုဒ်ဦး အနီး မြေသားနံရံများ ပြိုကျပြီး ဘုရားဝင်း အတွင်းရှိ ဓါတ်လှေကား၊ စောင်းတန်းနှင့် ဘုရားအောက်နားရှိ ဘုန်းကြီးကျောင်းမှ ကျောင်းဆောင်များ ပျက်စီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ကျွမ်းကျင်ပညာရှင်များက အန္တရာယ်ရှိနိုင်သည့်နေရာများကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ် ကြောင်း သိရသည်။

“အရှေ့ ဘက်ကို ယာယီနံရံတွေ ဆောက်ပေးနေတယ်။ဘုရားကုန်းပေါ်က ကွဲအက်ကြောင်းတွေ ရေစီးဆင်းမှု မရှိအောင် ပိတ်နေပါတယ်။ဒါ့အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းပေးထားတဲ့ အသိပညာရှင် ၊ အတတ် ပညာရှင်တွေက အစိုးရအဖွဲ့ပူးပေါင်းပြီးတော့ တစ်လတိတိ ကုန်းတော်ရဲ့ တည်ငြိမ်မှု အနေအထားကို စောင့်ကြည့်နေပါတယ်။ ရွှေ့လျားမှု မရှိဘူးဆိုရင် ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းကို စတင်သွားမှာပါ” ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင် က ပြောသည်။

ဘုရားရင်ပြင်ပေါ်ရှိ ရှေးဟောင်းအဆောက်အဦတွေကို ပြင်ဆင်ရန် ဆရာတော်များနှင့် တိုင်ပင် လုပ်ဆောင် သွားမည်ဖြစ်ပြီး လက်ရှိတွင် သက်ဆိုင်ရာပညာရှင်များက စစ်ဆေးနေကာ ဆောက်လုပ်ရေးလုပ်ငန်းများကို မိုးကုန်ခန့်မှ စတင်သွားမည်ဟု သိရသည်။

ကျိုက်သလ္လံစေတီတော်မြတ်ကြီးပြန်လည်တည်ဆောက်ပြုပြင်ရေးလုပ်ငန်းအတွက် ( KBZ ) ဘဏ်တွင် ဘဏ်အကောင့်ဖွင့်လှစ်ပေးထားပြီး အလှူငွေများကို လက်ခံလျက်ရှိရာ ဇွန်လ ၇ ရက်နေ့အထိ အလှူငွေ ကျပ် သိန်း ၇၀၀၀ ထောင်ကျော်နှင့် ဘိလပ်မြေအိတ် ၄၀၀၀ ခန့် အလှူခံရရှိထားကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်က မွန်ပြည်နယ်အတွင်း မြို့နယ် ၁၀ မြို့နယ်မှ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ် မြို့နယ်၊ ချောင်းဆုံမြို့နယ်နဲ့ရေးမြို့နယ်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကားလမ်းများရေကျော်ခြင်း၊ တောင်လမ်းများ မြေပြိုခြင်းနဲ့လူနေအိမ်များနစ်မြှုပ်ခြင်းတို့ ဖြစ်ပွားခဲ့သည်။

Most read this week

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်တပ်(လေ)၏ ဖွဲ့စည်းတည်ထောင်မှု (၇၄)နှစ် မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်စဉ်။ (MOI)
March 28, 2026
မောင်ခက်နွေ - စစ်ကော်မရှင်က အာဏာသိမ်းကာလ ငါးနှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆,၉၈၆ ကြိမ်...
March 27, 2026
ပါခွီး — မကွေးတိုင်း ၊ မကွေးမြို့အခြေစိုက် လေတပ်စခန်းကို ၁၀၇မမ ရှော့တိုက်ဒုံး ၁၁လုံးဖြင့်...
March 26, 2026
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိသားစုသည် ထိုင်းနိုင်ငံ၊...
March 25, 2026
ရခိုင်၊ စစ်တွေမြို့အနီး ကုလားတန်မြစ်ဘေးရှိ ရွှေမင်းဂံဆိပ်ကမ်းနှင့် ကျောက်ဖြူမြို့ရှိ မင်းပြင်-...