ရှစ်လေးလုံးအမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားသွားမည်

ရှစ်လေးလုံးအမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားသွားမည်
by -
ဇေယျာမော် ၊ အောင်ကိုဦး

ရှစ်လေးလုံးဆိုသည့်အမည်ကို ဖြုတ်ပြီး  ပြည်သူ့ပါတီအဖြစ်ပြောင်းလဲမှတ်ပုံတင်သွားမည်ဟု ပါတီဦးဆောင် တည်ထောင်သူ ဦးကိုကိုကြီးက ဇူလိုင်လ ၈ ရက်နေ့က မန္တလေးမြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

“ရှစ်လေးလုံးပြည်သူ့ပါတီအား ပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲလျှောက်ထားရန် အတည်ပြုဆုံးဖြတ်ခဲ့ပါ တယ်” ဟု ဦးကိုကိုကြီးက ဆိုသည်။

ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် ရွေးကောက်ပွဲကော်မရှင်ထံအမည်စာရင်းတင်သွင်းရာတွင် ကန့်ကွက်မှုများ ကြုံတွေ့ရခြင်းကြောင့် ယခုလို အမည်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း ၄င်းကဆိုသည်။

ပြောင်းလဲလိုက်သည့် အမည်နှင့် ပါတီအလံတံဆိပ်တို့အား ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြသွားမည်ဖြစ်ပြီး တစ်စုံတရာအကြောင်းအရာကိစ္စကြုံတွေ့လာပါက ဒုတိယအစီအစဉ်အနေဖြင့် အရန် နာမည်တစ်ခုအား စဉ်းစားထားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ပါတီအနေဖြင့် နိုဝင်ဘာ ၃ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သွားမည် မဟုတ်ကြောင်း ဦးကိုကိုကြီးက ပြောသည်။

ရှစ်လေးလုံးပါတီအမည်ဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားရာ ကန့်ကွက်ခံရခြင်းကြောင့် ရှစ်လေးလုံးပြည်သူ့ပါတီ အဖြစ် ပြောင်းလဲလျှောက်ထားသော်လည်း ဒုတိယအကြိမ် ကန့်ကွက်ခံခဲ့ရသည်။ ယင်းအတွက်ကြောင့် ရှစ်လေးလုံး အမည်ဖြုတ်ပြီး ပြည်သူ့ပါတီအဖြစ် ပြောင်းလဲလျှောက်ထားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

May 25, 2026
ယမင်းဖူးပွင့်အောင် - ပြည်သူ့ဂုဏ်ရည်အဖွဲ့ကပေးအပ်သော ၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ၈၈...
May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...