တစ်လအတွင်းပေါင်းစည်းရန် မွန်ကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီတင်ပြ၊ သဘောတူညီချက်မရသေး

တစ်လအတွင်းပေါင်းစည်းရန် မွန်ကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီတင်ပြ၊ သဘောတူညီချက်မရသေး
AMDP,MNP (၂၁)အဖွဲ့တွေ့ဆုံဆွေးနွေးအပြီး နေ့လည်စာအတူသုံးဆောင်စဉ်(photo/Facebook)
AMDP,MNP (၂၁)အဖွဲ့တွေ့ဆုံဆွေးနွေးအပြီး နေ့လည်စာအတူသုံးဆောင်စဉ်(photo/Facebook)

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP, မွန်အမျိုးသားပါတီ MNP တို့နှင့် ယမန်နေ့ (ဇူလိုင် ၆ ရက်နေ့) တွေ့ဆုံပွဲတွင် မွန်နိုင်ငံရေးအင်အားစုအားလုံး တစ်လအတွင်း ပေါင်းစည်း၍ မိတ်ဆက်အခမ်းအနားပြုလုပ်ရန်အပါအဝင် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့က အချက် ၃ ချက်တင်ပြခဲ့ရာ သဘောတူညီချက် မရသေးကြောင်း သိရသည်။

အဆိုပါ မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ တင်ပြချက် ၃ ချက်ကို မိမိတို့ဆုံးဖြတ်ပိုင်ခွင့် မရှိသေးကြောင်း၊ လာမည့် ဇူလိုင်လ ၂၁ ရက်နေ့၌ AMDP+MNP မွန်နှစ်ပါတီပေါင်းစည်းရေး ကော်မတီအစည်းအဝေးတွင် တင်ပြသွားမည်ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်စံတင်က ဆိုသည်။

“သူတို့ဘက်က ၃ ချက်လောက်တင်ပြတယ်။ ဒီအဖွဲ့ ၃ ဖွဲ့ကို တစ်ဖွဲ့တည်းဖြစ်စေချင်တယ်။ ဒီအဖွဲ့ ၃ ဖွဲ့က ပေါင်းစည်းပြီးမှ ပါတီနာမည်ကုုိ ပေးမယ်။ ပြီးတော့ ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေကို ဖြည်းဖြည်းချင်း ရေးဆွဲသွားမယ်။ တစ်လတွင်း အဖွဲ့သုံးဖွဲ့စလုံးလက်မှတ်ထိုး ပေါင်းပြီးတော့ မှတ်ပုံမတင်ခင်မှာ မိတ်ဆက်မယ့်အခမ်းအနားတစ်ခုလုပ်မယ်လို့ ဆိုတယ်”ဟု နိုင်စံတင်က ပြောသည်။

မွန်နိုင်ငံရေးပါတီများပေါင်းစည်းရာတွင် အားလုံးပါဝင်လာနိုင်ရေးအတွက်ကို အဓိကထား ဆောင်ရွက်နေသည်ကို မိမိတို့ မွန်အမျိုးသားကိုယ်စားပြုပါတီဖော်ဆောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့အနေဖြင့် ကြိုဆိုကြောင်း ပြောရေးဆိုခွင့်ရှိသူ နိုင်တလညီက ဆိုသည်။

“အဓိကတော့ မွန်သံဃာတော်တွေ မွန်ပြည်သူတွေက မွန်နိုင်ငံရေးတစ်ပါတီတည်းဖြစ်အောင် လိုလားနေတဲ့အတွက် အားလုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းကြဖို့ ပြောချင်တယ်”ဟု ၄င်းက ပြောသည်။

AMDP+MNP မွန်နိုင်ငံရေးနှစ်ပါတီပေါင်းစည်းကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီ ဖော်ဆောင်ရေးကော်မတီ (၂၁) ဦးအဖွဲ့တို့ ဇူလိုင်လ ၆ ရက်နေ့က မော်လမြိုင်မြို့ရှိ Royal Hinthar Hotel ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မော်လမြိုင်မြို့ နယ်မြေခံသင်တန်းကျောင်းတွင် သင်တန်းအမှတ်စဉ် (၂၁) (၁/၂၀၂၆) တက်ရောက်ရန် စုဆောင်းခံရသူများ
January 19, 2026
စစ်ကော်မရှင်၏ ပြည်သူ့စစ်မှုထမ်း အပတ်စဉ်များလာသည်နှင့်အမျှ သင်တန်းသားလိုအပ်ချက်လည်း များလာပြီး...
January 17, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကော်မရှင်တပ်က...
January 16, 2026
ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် အသက်မပြည့်သေးသူ...
January 15, 2026
မွန်ပြည်နယ်၊ ပေါင်နှင့် သံဖြူဇရပ်မြို့နယ်တို့တွင် ကျင်းပမည့် (၇၉) ကြိမ်မြောက်...