ကရင်နီ ဆန္ဒပြပွဲ အစိုးရ၏ ဖြိုခွင်းခံရခြင်းကို ကချင်လူငယ်များ ကန့်ကွက်

ကရင်နီ ဆန္ဒပြပွဲ အစိုးရ၏ ဖြိုခွင်းခံရခြင်းကို ကချင်လူငယ်များ ကန့်ကွက်

ကယား (ကရင်နီ) ပြည်တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ် ထားရှိခြင်းကို ပြည်သူများ ကန့်ကွက်ဆန္ဒ ထုတ်ဖော်ခြင်းအား အစိုးရ အာဏာပိုင်များ အကြမ်းဖက်ဖြိုခွင်းခြင်းပေါ် ကချင်တက္ကသိုလ် ကျောင်းသားများ နှင့် လူငယ်အဖွဲ့အစည်းများ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုံ့ချကြောင်း သဘောထားထုတ်ပြန်လိုက်သည်။

ပြည်တွင်းရှိ ကချင်ကျောင်းသား လူငယ် အဖွဲ့အစည်း (၄)ဖွဲ့နှင့် JLH ခေါ် ကချင်စာပေနှင့် ယဉ်ကျေးမှုဖက်ဒရေးရှင်း - တက္ကသိုလ်များ (၇)ဖွဲ့ တို့ စုပေါင်းပြီး ဇူလိုင် (၄)ရက်နေ့ ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ဇူလိုင် (၃)ရက်နေ့ လက်နက်မဲ့ ကရင်နီ ပြည်သူများ၏ ဆန္ဒထုတ်ဖော်မှုကို အစိုးရမှ အကြမ်းဖက် ဖြိုခွင်းခြင်းသည် နိုင်ငံတော်အစိုးရပေါ် ယုံကြည်မှု ပျက်ပြားစေသည် ဟု ကချင်လူငယ်သမဂ္ဂ AKYU မှ ကို လွမ်းဇောင်း ယခုလို ပြောသည်။

“အခြေခံအားဖြင့် ဌာနေ တိုင်းရင်းသားတွေရဲ့ သဘောဆန္ဒမပါဘဲ ဘယ်အရာမှ လုပ်ဆောင်သွားလို့မရပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရုပ်ထုကို တိုင်းနဲ့ ပြည်နယ် တွေမှာ အတင်းထားရှိလာမယ့် စီမံကိန်းက ပြည်ထောင်စုကို အတူတကွကြိုးပမ်ခဲ့တဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ပုံရိပ်ကိုထိခို်က်စေတယ်။ ဒါကြောင့် လက်နက် မပါလွတ်လပ်စွာဆန္ဒဖော်ထုတ် တဲ့ ပြည်သူတွေကိုအကြမ်းဖက်တဲ့ လုပ်ရပ်တွေက နိုင်ငံတော်အစိုးရကို ယုံကြည်မူပျက်စီးစေ တယ်။”

ထို့အပြင် ဒေသခံပြည်သူတို့ ၏ သဘောဆန္ဒကို မျက်ကွယ်ပြုပြီး အာဏာသုံး ဖြေရှင်းသော လုပ်ရပ်သည် လက်ရှိပြည်တွင်း ငြိ်မ်းချမ်းရေး တည်ဆောက်ခြင်း ဖြစ်စဉ်အား ကြီးစွာ အဟန့်အတား ဖြစ်စေသည် ဟု ဆက်ဆိုသည်။

တိုင်းရင်းသားများ၏ ပြဿနာကို အချင်းအချင်း နားလည်သော သဘောဖြင့် ကချင်လူငယ်အဖွဲ့အစည်းများ၏ သဘောထားထုတ်ပြန်ချက်ကို ဝမ်းသာပီတိဖြစ်ရပါကြောင်း ကရင်နီ ဆန္ဒဖော်ထုတ်မှု ဦးဆောင်သူ ဆရာဒီဒီး က ပြောသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...