မွန်နှစ်ပါတီပေါင်းစည်းရေးကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီတွေ့ဆုံမည်

မွန်နှစ်ပါတီပေါင်းစည်းရေးကော်မတီနှင့် မွန်အမျိုးသားကိုယ်စားပြုပါတီတွေ့ဆုံမည်
မွန်နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီ(photo/Facebook)
မွန်နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီ(photo/Facebook)

မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့၏ နှစ်ပါတီပေါင်းစည်းမှု အကောင်အထည်ဖော်ရေးကော်မတီနှင့် မွန်အမျိုးသားကုုိယ်စားပြုပါတီတို့ လာမည့် ဇူလိုင်လ ၆ ရက်နေ့ တွင် Royal Hinthar Hotel ၌ တွေ့ဆုံမည်ဖြစ်ကြောင်း နှစ်ဖက်ပါတီတာဝန်ရှိသူများက ပြောသည်။

“သူတို့တွေ ဒီပေါင်းစည်းရေးထဲမှာ ပါဝင်လာနိုင်စေဖို့အတွက် တွေ့ဆုံဖို့  ကျွန်တော်တို့ ကမ်းလှမ်းတာဖြစ်တယ်။ အားလုံးပါဝင်ရေးအတွက်ပါ။ ဒါကြောင့် သူတို့သဘောထားကုုိလည်း သိရှိနိုင်စေဖို့ ကျွန်တော်တို့ ကိုယ်စားလှယ် ၆ ဦးနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းတာဖြစ်တယ်။ သူတို့သဘောထားကို သိပြီးမှ ကျွန်တော်တို့ ဆုံးဖြတ်လို့ရမယ်”ဟု AMDP တွဲဖက်အတွင်းရေးမှူး(၁) နိုင်စံတင်က ပြောသည်။

အားလုံးပါဝင်ရေးမူအရ မွန်အမျိုးသားကိုယ်စားပြုပါတီ ဦးဆောင်ဖွဲ့စည်းသူများလည်း နှစ်ပါတီပေါင်းစည်းစဉ်တွင် တပါတည်းပါဝင်လာနိုင်စေရန် ၄င်းတို့က ကမ်းလှမ်းခြင်းဖြစ်သည်ဟု ဆိုသည်။

“လောလောဆယ်တော့ သူတို့နာမည်ကိုတော့ မွန်အမျိုးသားကိုယ်စားပြုပါတီလို့ ကျွန်တော်တို့ မသုံးဘူး။ ဘာကြောင့်လဲဆုုိတော့ ကျွန်တော်တို့နှစ်ပါတီလုံးက အသိအမှတ်မပြုတာ အားလုံးအသိပါပဲ။ သူတို့ုကို နိုင်ငံရေးအင်အားစုတစ်ခုအနေနဲ့ သတ်မှတ်ပြီးတွေ့ဆုံ ဆွေးနွေးသွားမယ်” ဟု နိုင်စံတင်က ပြောသည်။

သို့ရာတွင် အမျိုးသမီးပါတီ(မွန်)ဥက္ကဋ္ဌနှင့် ဇွန်လ ၂၅ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ရာ လက်ရှိနှစ်ပါတီပေါင်းစည်းရေးတွင် အမျိုးသမီးပါတီ(မွန်) ပါဝင်နိုင်ခြင်းမရှိသေးကြောင်း မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက ဆိုသည်။

“ကျွန်တော်တို့နှစ်ပါတီပေါင်းစည်းတဲ့နေရာမှာ အမျိုးသမီးပါတီ(မွန်)အနေနဲ့ ဘယ်လိုပေါင်းစည်းဖို့ ရည်ရွယ်ထားလဲ။ ဘယ်လိုဖြစ်စေချင်လဲလို့ မေးဖြစ်ခဲ့တယ်။ သူတို့ပြောတာကတော့ အမျိုးသမီးပါတီ (မွန်)က ဒီတစ်ပါတီပဲရှိတယ်တဲ့ သူတို့တွေက ဒီအမျိုးသမီးပါတီ(မွန်)အနေနဲ့ပဲ ရပ်တည်သွားမယ်။ ချုပ်ပြီးပြောရရင် ဒီပေါင်းစည်းရေးထဲမှာ လောလောဆယ် အမျိုးသမီးပါတီ(မွန်)က ပါဝင်နိုင်ခြင်း မရှိသေးပါဘူး” ဟု နိုင်လယီတမက ပြောသည်။

လတ်တလောတွင် အမျိုးသမီးပါတီ(မွန်)ပါဝင်နိုင်ခြင်း မရှိသေးသော်လည်း အမျိုးသမီးပါတီ (မွန်)အနေဖြင့် ပေါင်းစည်းမည့်ဆန္ဒရှိသည့်အခါ အချိန်မရွေးလာရောက်ပေါင်းစည်းနိုင်သည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

“၂၀၁၅ ကနေ ဒီနေ့အချိန်ထိ နှစ်ပါတီပေါင်းစည်းရေးအတွက် မွန်ပြည်သူတွေ တောင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တာ မဖြစ်လာနိုင်ခဲ့လုုိ့ မွန်ပြည်သူတွေ စိတ်မချမ်းမြေ့စရာတွေ ဖြစ်လာခဲ့ရတယ်။ ဒါကြောင့် လာမယ့် ဇူလိုင်လ ၂၁ ရက်နေ့မှာ မွန်ပြည်သူတွေရဲ့ ဆန္ဒပြည့်လာလိမ့်မယ်”ဟု နိုင်လယီတမက ဆက်ပြောသည်။

နှစ်ပါတီပေါင်းစည်းပြီး ဖြစ်ပေါ်လာမည့်ပါတီအမည်သစ်ကို စိတ်ပါဝင်စားသူများ Online ပေါ်မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ အကြံပြုနိုင်ကြောင်း မွန်နှစ်ပါတီက ကြေညာထားသည်။ 

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...